ယမင်းသော်တစ်ယောက် အိမ်နဲ့ဆိုင်၊ အိမ်နဲ့ကုမ္ပဏီ သွားလာနေရတာ တစ်ပတ်နီးပါးရှိလောက်ပြီ။ မနက်ကိုဆိုင်သွား၊ နေလည်ဆို ကုမ္ပဏီသွား၊ ညဆိုစာရေးနဲ့ ကြာရင် ယမင်းသော် လဲသွားတော့မည်။ ဆိုတော့ ဒီနေ့ဆိုင်လည်း ပိတ်သလိုကုမ္ပဏီလည်း ပိတ်ထားတော့ စာရေးတာလည်း နားမည်။ ဘာမှမလုပ်ချင်တော့ဘူး။
မနက်ဖြန်ဆို နောက်နှစ်ရောက်တော့မည်ကို
သတိရမိပေမဲ့လည်း သိပ်ပြီးတော့လည်း မပျော်မိပေ။ အဲ့တော့လည်း နှစ်သစ်မှာ စိတ်သစ်, ကိုယ်သစ်, အချစ်သစ်.. အဲ.. အချစ်တော့မသစ်သေးဘူး။ အချစ်ဟောင်းနဲ့ဘဲဖြတ်သန်းရတာပေါ့။ဒီနေ့တော့ ဒီဇင်ဘာ(၃၁)ရက်နေ့ ဖြစ်တာကြောင့် ယမင်းသော် နားနားနေနေ,နေ,နေတာဖြစ်သည်။
ဝယ်ထားတဲ့စာအုပ်လေးတွေကို ဒီနေ့မှဘဲ ဖတ်ချိန်ရတော့တယ်။ ဒီနေ့က နေလည်းသိပ်မပူတာကြောင့် လေသာဆောင်မှာစာဖတ်ရန်စိတ်ကူးရသည်။ကော်ဖီတစ်ခွက်ကိုလက်ကကိုင်၊ စာအုပ်လေးတစ်အုပ်နှစ်အုပ်လောက်ကို နောက်လက်တစ်ဖက်ကကိုင်ရင်း လေသာဆောင်လေးကို ထွက်လာလိုက်သည်။ အနွေးထည်လေးကတော့မပါမဖြစ်ပေါ့။ ဘေးနားတွင်လည်း နစ်ကီလေး အိပ်မောကျနေသည်။
ဒီလိုကျလွတ်လပ်သားဘဲ။
စာအုပ်ဖတ်နေသည့်အချိန်သည်နေ့လည်(၁)နာရီကနေ နေ့လည်(၄)နာရီထိုးသွားသည်။ မဖတ်တာကြာသွားပြီဖြစ်တာကြောင့် တထိုင်တည်းဖတ်လိုက်မိသည်။ (၃)နာရီလောက်စာဖတ်လိုက်တော့
မျက်လုံးလည်း ညောင်းသွားတာကြောင့်
နားတော့မည်။နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ဆိုပင်မဲ့ ယမင်းသော် သူများတွေလို သွားစရာလည်းမရှိပေ။ အရင်ကတော့ဘယ်ရီနဲ့နေမလို့စဥ်းစားထားပေမဲ့
သူတို့သမီးရည်းစားအချင်းချင်း လုပ်စရာလေးတွေရှိပါပေါ့ဆိုပြီး တွေးမိတာကြောင့် ထိုကိစ္စကိုလည်း မလုပ်တော့ပေ။ဆိုတော့ ဒီနေ့အိမ်မှာဘဲနေရမှာပေါ့။ ဘာမှမလုပ်ဘဲနဲ့။
Ring~Ring~(Phone Ringtone)
ဒီအချိန်ကြီးဘယ်သူဆက်တာပါလိမ့်။ ဆက်စရာလူလည်း မရှိပါဘူး။ ဘယ်ရီများလား။
YOU ARE READING
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..