If-29(U)

512 48 2
                                    

အရာအားလုံးကို နေရာတစ်ခုထဲမှာသာ ရပ်တန့်လို့ရရင် သိပ်ကိုကောင်းလွန်းမှာ။

...

ဒီနေ့တော့ လူတိုင်း သဘောကျရတဲ့ ပိတ်ရက်လေးဖြစ်သည်။ ယမင်းထွန်းဟာ ညီမဖြစ်သူတွေအတွက် စောစောစီးစီး ဈေးသွားကာ သူ(မ)တို့ကြိုက်တတ်သော ဟင်းလျာများ ချက်ကျွေးရန် အားသန်နေသည်။

ယမင်းသော်တို့အခန်းထဲဝင်ကာ ခြေဖွဖွနင်းရင်း နှင်းသဇင်မင်းဘေးကို ရောက်ရှိလာခဲ့သည်။ အကြောင်းမှာ နှင်းအားနိုး၍ အိမ်စောင့်ခိုင်းမလို့ပင်။ အခုတလော သူခိုးတွေဟာ သိပ်ကိုပေါလွန်းသည်။ အိမ်မှာမိန်းကလေးသုံးယောက်တည်းနေတာဟာ မလုံခြုံပေမဲ့ ခေါ်စရာယောက်ျားသားဟာလည်းမရှိပေ။

အခုလည်း နှင်းကိုနိုး၍ သူ(မ)ဟာ ဈေးသွားပြီး နှင်းဟာအိမ်စောင့်ပေါ့။ ယမင်းသော်ကိုတော့ မနိုးပေ။ နိုးလာလျှင် အိပ်မရတာလည်း သော်ဘဲ။ သွားနှိုးရင် ထမလာတာလဲ သူ(မ)ပင်။ အခုတလော အိပ်မပျော်တာကြောင့် အိပ်ဆေးသောက်အိပ်နေတော့ နိုးဖို့ပိုခက်နေသည်။ ဒါကြောင့် နှင်းသဇင်မင်းကိုနိုးရန်သာ သူ(မ)စိတ်ကူးရသည်။

"နှင်းသဇင်မင်း။ ထ ထတော့။"

ဘေးနားတွင်လာကာ လူကိုနှိုးနေတာကြောင့် မထချင်ထချင်နဲ့ နှင်းတစ်ယောက်နိုးလာရသည်။ မျက်လုံးကို လက်နှစ်ဖက်ဖြင့်အားရပါးရပွတ်ပြီးကာမှ ယမင်းထွန်းကိုမြင်တော့သည်။

"အင်း အစ်မယမင်းရာ။ အစောကြီး ဘာလို့လာနှိုးတာတုန်း။"

ဒီကောင်မလေးနဲ့တော့။

"မစောတော့ဘူး။ ၈နာရီခွဲတော့မယ်။ နေဖင်ထိုးတဲ့အထိအိပ်မလို့လား။ ထတော့။ ငါဈေးသွားမလို့။ အိမ်စောင့်ဖို့ နင့်ကိုလာနိုးတာ။"

အိမ်စောင့်ဖို့လည်းဆိုကော ပိတ်နေသောမျက်လုံးတွေဟာ ပြူးလာသည်။ ဘာလို့ဆို ထပ်အိပ်၍မရတော့တာကို နှင်းတစ်ယောက်သိနေလို့ပင်။ ငြင်းလို့လည်းမရတာကို သူ(မ)သိသည်။

မျက်လုံးတွေအား လက်နှစ်ဖက်နဲ့ အားပါပါထပ်ပွတ်လိုက်ကာ.. "အင်း။ စောင့်ဆိုတော့လည်းစောင့်တာပေါ့။ အစ်မသွားလေ။ အေးဆေး ကျွန်တော်ရှိတယ်။"

-အကယ်၍- (2)(Completed)Donde viven las historias. Descúbrelo ahora