If-26(U)

576 46 2
                                    

နေ့ရက်တိုင်းဟာ တူညီစွာရှင်သန်နေရပေမဲ့ နေ့ရက်တိုင်းမှာ ချစ်ရသူနဲ့ရှင်သန်ရတာကတော့
ကံကောင်းခြင်းတစ်ခုပါဘဲ။

...

ဒီနေ့တွင်တော့ ထုံးစံအတိုင်း ယမင်းထွန်းနဲ့နှင်းသဇင်မင်းကတော့ စောစောစီးစီးထရသည်။
ယမင်းသော်တစ်ယောက်သာ မနက်(၉)နာရီလောက်မှထသည်။ ဘာလို့ဆို ကျန်နှစ်ယောက်က
ကုပ္မဏီသွားရပြီး ယမင်းသော်တစ်ယောက်တည်းဆိုင်သွားရတာကြောင့်ပင်။ ယမင်းထွန်းကတော့ မသွားလို့မရလို့သာသွာနေရခြင်းပင်။ မဟုတ်ရင် သော်နဲ့အတူ အိမ်မှာသောင်တင်နေမှာအသေအချာပါ။ ဆိုင်ဖွင့်ချိန်က မနက်(၉)နာရီဆိုပေမဲ့ နှင်းဆိုင်မလာတဲ့နေဆို မနက်(၉)နာရီမှ.ဆိုင်ရောက်သွားလျှင် အဲ့တာယမင်းသော်မဟုတ်တော့ပေ။

ကုတင်ဘေး စားပွဲပေါ်မှ အချက်ပေးသံကြောင့် မထချင်ထချင်နဲ့ထလာသော ယမင်းသော်ပါ။ အသံမြည်နေသည့်နာရီကိုလက်တစ်ဖက်​ဖြင့်
လျှင်လျှင်မြန်မြန်ဘဲပိတ်လိုက်ပြီး ဗီဒိုရှိရာကို ထလာလိုက်သည်။ ရေချိုးပြီးရင်ဝတ်ရန် အဝတ်အစားကိုကြိုထုတ်ကာ ရေချိုးခန်းထဲဝင်သွားတော့သည်။ ရေချိုးနေရင်း မနေနိုင်မထိုင်နိုင်နဲ့ ခေါင်းကလျှော်မိပြန်သည်။

နှင်းသာသိရင် ဆူတော့မှာဘဲ။

အဝတ်အစားလဲကာ ဆံပင်ကိုအမြန်ခြောက်အောင်လေမှုတ်လိုက်သည်။ အင်္ကျီကတော့ ထုံးစံအတိုင်း အပေါ်ကိုအနက်ရှုပ်နဲ့ အောက်ကဂျင်းဘောင်းဘီအပွကိုဝတ်လိုက်သည်။ လွယ်အိတ်လွယ်ကာ အောက်ထပ်ဆင်းလာတော့ အစာစားချင်နေသော နစ်ကီလေးက ဘေးနားမှပွတ်သပ်နေလေရဲ့။

"အစာတောင်မကျွေးခဲ့ဘူး ဒီနှစ်ယောက်တော့။
ကဲ လာ နစ်ကီ။ မင်းကိုလည်းကျွေးရင်း ငါလည်းစားရင်းပေါ့။"

ထမင်းစားခန်းကိုနစ်ကီလေးနဲ့ဝင်လာတုန်း
စားပွဲပေါ်မှာတင်ထားတဲ့စာလေး မြင်လိုက်သည်။ ဒါဟာ နှင်းစီကစာသာဖြစ်လိမ့်မည်။ ယမင်းထွန်းရဲ့အကျင့်အရ ဒီလိုအရာမျိုးတွေ သူ(မ)လုံးဝမလုပ်ပါ။

"အုပ်ဆောင်းအောက်မှာ သော်ကြိုက်တဲ့ ရှမ်းခေါက်ဆွဲဝယ်ပေးထားတယ်။ ပန်းကန်ထဲလည်းထည့်ပြီးသား။ သော်နိုးလာရင် နည်းနည်းတော့ပွနေလိမ့်မယ်။ ကော်ဖီလည်းဖော်ပေးထားတယ်။
သော်သောက်တဲ့အချိန်မှာတော့ အေးနေလောက်ပြီ။ မကြိုက်ရင် အသစ်ဖျော်လိုက်နော်။ နောက်ကျနေပြီဆိုပြီး မစားဘဲနဲ့မနေနဲ့နော်။
ဗိုက်အောင့်နေလိမ့်မယ်။ ချစ်တယ် သော်♡"

-အကယ်၍- (2)(Completed)Where stories live. Discover now