If-30(U)

558 51 2
                                    

ဒီနေ့တွင်တော့ ယမင်းသော် အိပ်ရေးဝအောင် အိပ်ရတော့မည်။ အလုပ်ကိစ္စရှိပေမဲ့ ကုပ္မဏီသွားစရာမလိုတာကြောင့်ပင်။ ဒါပေမဲ့ နှင်းသဇင်မင်းနိုးလာတဲ့အချိန်တွင် ယမင်းသော်ပါအတူနိုးလာခဲ့သည်။

မျက်လုံးနှစ်ဖက်ကိုပွတ်ကာ ကုတင်ပေါ်ထထိုင်သောဘေးမှယမင်းသော်ကြောင့်.. "ဘာလို့ထလာတုန်း။ ဆက်အိပ်လေ။ သွားမစရာမဘိုဘူးမလား။ ငါနဲ့အစ်မယမင်းတို့ သွားခါနီးနိုးခဲ့မယ်။ ဟုတ်ပြီလား။ အခုတော့အိပ်အုံး။"

ထမယ်လို့စိတ်ဆုံးဖြတ်ထားပေမဲ့ နှင်းသဇင်မင်းရဲ့စကားကိုနားထောင်မိတော့ လိမ္မာစွာနဲ့ဘဲ အိပ်စက်ခြင်းသို့ပြန်လည်ရောက်ရှိသွားသည်။ နှင်းဟာ သွားခါနီး (၁၅)မိနစ်အလိုလောက်တွင် ယမင်းသော်အား နိုးခဲ့လိုက်ပြီး အလုပ်သွားတော့သည်mm

နှစ်ခါတောင်နိုးသွားတာကြောင့် အိပ်ချင်သေးပေမဲ့လည်း ဘယ်လိုမှပြန်အိပ်မရတော့ပေ။ ကုတင်ဘေးလေးမှာလွှားထားသော အင်္ကျီအပါးလေးကိုဝတ်လိုက်ကာ တစ်နေ့တာကိုစတင်ရန် ပြင်ဆင်တော့သည်။

မျက်နှာသစ်ပြီးအောက်ထပ်ဆင်းလာတော့ ဘေးမှာကပ်တွယ်နေတဲ့နစ်ကီလေးကြောင့် အစာကျွေးလိုက်ကာ ထမင်းစားခန်းသို့ဝင်လာသည်။ ဘယ်လောက်ဘဲအလုပ်ရှုပ်ပါစေ။ သော့်အတွက် မနက်စာကိုတော့ ရအောင်လုပ်သွားပေးသည်။ ဒါဟာနှင်းသဇင်မင်းရဲ့ အကျင့်ပင်။ ယမင်းသော်လည်း နှင်းပြင်ပေးခဲ့သောမနက်စာစားလိုက်ရင်း အလုပ်လုပ်ရန် ပြင်ဆင်တော့သည်။

အခန်းထဲက ပြတင်းပေါက်ကိုဖွင့်ကာ စာရေးစားပွဲကို ဘေးကတစ်ရှူးယူကာ ပြောင်အောင်သုတ်လိုက်သည်။ လိုက်ကာလေးကိုသေချာစွာချည်လိုက်ပြီး အလင်းရောင်ကောင်းကောင်းဝင်စေသည်။ ပြီးတော့ဘေးလေးကို ကော်ဖီတစ်ခွက်ချကာ စတင်ပြီးအလုပ်လုပ်တော့သည်။

ကုပ္မဏီဒီဇိုင်းအတွက် ခေါင်းကိုအလုပ်ပေးရအုံးမည်။ တနေ့က ဆွေးနွေးခဲ့သည့်အတိုင်း အချက်အလက်တွေကို အားလုံးမကျန်ထည့်သွင်းစဥ်းစားရင်း သိချင်တာရှိရင် ကုပ္မဏီမှလူတွေကိုဖုန်းဆက်လိုက်။ တစ်ခါတလေ အဖေ့စီကိုဖုန်းဆက်လိုက်နဲ့။ အလုပ်လုပ်ရင်း သီချင်းဖွင့်ထားတတ်​သောအကျင့်ရှိပေမဲ့ ဒီနေ့တွင်တော့ဖွင့်ထားသောသီချင်းဟာလည်းခေါင်းထဲမရောက်ဖြစ်တော့ပေ။ အလုပ်ကိုမြန်မြန်အပြတ်ဖြတ်ကာ ခေါင်းဆောင်ဖြစ်သူလက်ထဲအပ်ချင်နေပြီ။ လုပ်တာတစ်ရက်ဘဲရှိသေးပေမဲ့ပေါ့။

-အကယ်၍- (2)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin