If-2(U)

1.4K 121 0
                                    

ကိုယ့်အိမ်ကိုယ်ပြန်ရောက်တာကြောင့် နောက်တစ်နေ့မနက်ရောက်ချိန်မှာတော့ နိုးလာတဲ့အချိန်ဟာတော်တော်တောင်နောက်ကျနေပြီ​​ဖြစ်သည်။ အရင်ကလို လာနှိုးမဲ့သူလည်းမရှိသလို ကိုယ်တိုင်ကလည်းမထချင်တာကြောင့်လည်းပါမည်။

ဝယ်စရာရှိတာတွေဘာတွေအတွက် အပြင်သွားရမယ်ကိုတွေးမိတာကြောင့် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ အိပ်ချင်မူးတူးဖြင့်သာ မျက်နှာသစ်, ရေချိုးပြီး မနက်စာကို ခေါက်ဆွဲသာပြုတ်စားလိုက်သည်။ ရှုပ်ပွနေတဲ့ ဆံပင်ရှည်တွေကို သေသေချာချာဖြီးသပ်ကာ နှိပ်စည်းလိုက်သည်။

ပြီးရင်ဒေါ်လေးစီသွားပြီး အကူအညီတောင်းရအုံးမယ်။

စားလို့ပြီးတော့ အဝတ်ဗီဒိုလေးထဲကိုအင်္ကျီတွေ ထည့်ထားပြီးတာ သတိရလိုက်သည်။ ဗီဒိုကိုဖွင့်ကာ (၁၀)မိနစ်လောက် အင်္ကျီရှာခန်းဖွင့်လိုက်သည်။ အဝါရောင် မြန်မာရင်ဖုံးဝမ်းစက်ကလေးကိုထုတ်ကာ ဝတ်ဆင်လိုက်သည်။ ရှုပ်ပွနေတဲ့ ဆံပင်ရှည်တွေကို သေသေချာချာဖြီးသပ်ကာ နှိပ်စည်းလိုက်သည်။ အားလုံးပြင်ဆင်ပြီးတော့ ဒေါ်လေးအိမ်ကိုသွားရန် အိမ်တံခါးအားလုံးကိုပတ်ကာ ထွက်လာခဲ့သည်။

အိမ်မှ မိနစ်(၂၀)လောက် လမ်းလျှောက်ပြီးတော့ ဒေါ်လေးအိမ်ကို ရောက်လာခဲ့သည်။ အထဲမဝင်တော့ဘဲ အိမ်ပေါက်ဝကနေသာ အော်ခေါ်လိုက်သည်။

"ဒေါ်လေးရေ ဒေါ်လေး"

အော်ခေါ်သံကို ကြားတာကြောင့် အိမ်ထဲမှ ဒေါ်လေးရဲ့ ပြန်အော်လာသံကို ကြားလိုက်ရသည်။ တစ်မိနစ်၊ နှစ်မိနစ်လောက်အကြာမှာတော့ အိတ်တစ်အိတ်နဲ့အတူ အိမ်ရှေ့ကိုထွက်လာတဲ့ဒေါ်လေးကို တွေ့လိုက်သည်။

"အယ် သမီး လာလေ။ အိမ်ထဲဝင်အုံး"

"အာ ရတယ် ဒေါ်လေး။ အပြန်မှဘဲဝင်တော့မယ်။ ဒေါ်လေးကားခဏလောက်ငှားပါလားလို့ လာမေးတာ။ ဟို အမေ့ကားက မဆေးရသေးတော့ ဖုန်တွေနဲ့လေ။"

"ဟုတ်ပါပြီ ခဏစောင့်"

"ဟုတ်"

ယမင်းသော်မှာ ဘန်ကောက်တွင်ကျောင်းတက်ချိန် စက်ဘီးနဲ့သာကျောင်းသွားသော်လည်း ကြီးလာရင် ကားမောင်းတက်အောင် မေမေသင်ပေးထားသည်။ ပြီးတော့ကျောင်းပြီးပြီးချင်း ကားလိုင်စင်လျှောက်ထားခဲ့သည်။ ယမင်းသော်အသက်က ကျောင်းတက်ချိန်အသက်မပြည့်၍
စာမလိုက်နိုင်မှာစိုးတာကြောင့် တစ်နှစ်အောင့်ထားခဲ့တော့ ကျောင်းပြီးချိန်တွင် ၁၈ပြည့်ပြီးဖြစ်နေသည်။ ကျန်သည့်အချိန်များကို ဒီတိုင်းသွားသော်လည်းလမ်းလျှောက်ရမည်ကိုပျင်းလွန်းသော ယမင်းသော်တစ်ယောက်ကြောင့်စောစောစီးစီး အခုလိုလိုင်စင်လျှောက်လိုက်ရခြင်းဖြစ်သည်။

-အကယ်၍- (2)(Completed)Where stories live. Discover now