If-9(U)

915 79 0
                                    

အိမ်မှာတစ်ယောက်တည်း စားလိုက်သောက်လိုက်လုပ်ရင်းဖြတ်သန်းနေတာ။ နောက်ဆုံးတော့ ဆိုင်မှာအလုပ်ဆင်းရမဲ့နေ့ကိုတောင် တဖြည်းဖြည်းနဲ့ရောက်လာခဲ့သည်။

ဒီနေ့ကစပြီး ယမင်းသော်တစ်ယောက် သူ(မ)ရဲ့ဆိုင်တွင်အလုပ်စဆင်းတော့မည်။ ဘယ်ရီက တနင်္လာနေ့ကနေ သောကြာနေ့အထိမအားတာကြောင့်။ ဘယ်ရီက နေ့လည်ကနေ ညအထိ သင်တန်းတက်စရာရှိတယ်လို့ပြောလာတဲ့အတွက် နေ့လည်ကနေ ဆိုင်ပိတ်တဲ့အထိ ယမင်းသော်လုပ်ပေးရမှာပေါ့။ စနေနဲ့တနင်္ဂနွေဆိုရင်တော့ နှစ်ယောက်လုံးဆိုင်မှာရှိမှာပေါ့။

...

အိမ်ကနေမနက်(၈)နာရီလောက်ထကာ ဆိုင်သွားရန်ပြင်ဆင်ရတော့သည်။ ပထမဦးဆုံးနေ့ကိုနောက်မကျစေချင်တာကြောင့်ပါ။ အညိုရောင်ဝမ်းစက်တစ်ထည်ကိုဝတ်ဆင်လိုက်ပြီး ဆံပင်ရှည်လေးတွေကို ကျစ်ဆံမြီးကျစ်လိုက်သည်။

မနက်(၁၀)နာရီကျော်ကျော်လောက် အိမ်ကနေထွက်လာတာဖြစ်ပြီး အချိန်(၁)နာရီလောက်မောင်းရတာကြောင့် ဆိုင်ရောက်ချိန်ဟာ မနက်(၁၁)နာရီ ကျော်ကျော်ရှိသေးသည်။ လမ်းမှာလည်းကားပိတ်တာပါသည်။ မနက်ပိုင်းလေးဖြစ်တဲ့အတွက် ဆိုင်မှာလူနည်းနေသေးသည်။ ဆိုင်ဘေးလေးမှာဖွင့်ထားတဲ့ ပန်းဆိုင်လေးကိုတစ်ချက်ကြည့်လိုက်မိသည်။ ပန်းဝယ်သွားရင်ကောင်းမလား။ ဆိုင်လေးထဲဝင်ကာ ဒေစီပန်းစည်းလေးကိုဝင်ဝယ်လိုက်သည်။

ပြီးတာနဲ့ ကော်ဖီဆိုင်လေးရှိကောင်တာမှာ သူ(မ)ကိုစောင့်နေတဲ့ ဘယ်ရီ့စီသာ တန်းတန်းမတ်မတ်လာလိုက်သည်။

"သွားတော့မလား။"

လက်ထဲက ဒေစီပန်းလေးတွေကို ကောင်တာပေါ်တင်ကာမေးလိုက်သည်။ ကောင်တာပေါ်က ပန်းအိုးလေးကို ဆွဲယူလိုက်သည်။

ဘယ်ရီက သူ(မ)လက်မှနာရီကိုတစ်ချက်ကြည့်ကာ.. "အင်း။ ၁၂နာရီ စမှာဆိုပေမဲ့ ကားကြပ်မှာကြောက်လို့။ စောစောဘဲသွားလိုက်မယ် ယမင်း။"

"အင်း သွားလေ။ ငါလာတာကြောင့် ကားလမ်းကပိတ်ချင်နေပြီ။.ဒါနဲ့ နင်တစ်ယောက်တည်းလား အစ်ကိုကော"

အမြဲတမ်း အသွားအပြန်ကို ဘယ်ရီကောင်လေးက တာဝန်ယူကာ လိုက်ပို့လိုက်ကြိုလုပ်လေ့ရှိတာကြောင့် မေးကြည့်လိုက်သည်။

-အကယ်၍- (2)(Completed)Wo Geschichten leben. Entdecke jetzt