💛

264 12 0
                                    

မနက်ခင်းလေးမှာ လူစုံတက်စုံဖြင့် အားလုံးဟာ ဧည့်ခန်းတွင်ထိုင်ကာ လုပ်စရာများလုပ်နေကြသည်။ စုံလည်ထားထားတဲ့ ထိုင်ခုံတွေမှာ နှင်းနဲ့သော်ဟာ ဘေးချင်းကပ်တစ်ဖက်တွင်ထိုင်နေပြီး ယမင်းထွန်းနဲ့ သူ(မ)ကောင်လေးကတော့ သော်တို့ရှေ့မှာထိုင်လျက် သူ(မ)တို့အမေဖြစ်သူကို စောင့်နေကြသည်။ အကြောင်းကတော့ ညဘက်စားဖို့သောက်ဖို့အတွက် ဈေးသွားရန်ဖြစ်သည်။

အချိန်ဟာ မနက်(၉)ထိုးပြီးသွားပြီဆိုတာသိတာနဲ့အမျှ ယမင်းသော် ထိုင်နေရာမှထကာ အမေဖြစ်သူရဲ့အခန်းကိုတန်းဝင်သွားသည်။ ဒီအချိန်မှမသွားရင် သူ(မ)တို့ဈေးရောက်ရင် ဘာမှဝယ်စရာရှိတော့မှမဟုတ်ဘူး။ ဒါကြောင့် အမေ့ကိုသွားရန် ခေါ်နေခြင်းပင်။

အချိန်အနည်းငယ်အကြာတွင်တော့ အခန်းထဲကပြန်ထွက်လာကြကာ သွားရန်လုပ်ကြတော့သည်။ ဈေးသွားမှာကတော့ အမေဖြစ်သူနဲ့အတူ သော်တို့ညီအစ်မရယ် နှင်းရယ်သွားမှာဖြစ်ပြီး အဖေနဲ့ အစ်မဖြစ်သူရဲ့ကောင်လေးကတော့ အလုပ်ကိစ္စကြောင့် အပြင်သွားရန်ဖြစ်သည်။

(၉)နာရီခွဲလောက်တွင်တော့ အဖေတို့လည်း ထွက်သွားပြီဖြစ်သလို သော်တို့လည်း အိမ်တံခါးပိတ်ရင်း ရပ်ကွက်ဈေးလေးကို ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် တွေ့သမျှလူအားလုံးကို နှုတ်ဆက်စကားပြောနေတဲ့အမေကြောင့် အနည်းငယ်တော့စောင့်ရသေးသည်။

လမ်းထိပ်ကားလမ်းမကိုကျော်ပြီးတာနဲ့ ဈေးလမ်းလေးကို ရောက်ပြီဖြစ်သည်။ ဈေးလမ်းလေးရဲ့အစ ဘေးတစ်ဖက်တစ်ချက်စီမှာတော့ မုန့်ဆိုင်တန်းတွေရှိသလို အထည်ဆိုင်တွေလည်းရှိသည်။ ဆံပင်ညှပ်ဆိုင်အချို့လည်း တွေ့ရသည်။ အနည်းငယ်လမ်းလျှောက်ပြီးချိန်တွင်တော့ ဟင်းသီးဟင်းရွက်ရောင်းတဲ့နေရာလေးကို ရောက်ရှိလာပြီဖြစ်သည်။

အမေဖြစ်သူရဲ့ ဝယ်နေကျဆိုင်မှာသာဝယ်တတ်တဲ့အကျင့်ကြောင့် ထိုဆိုင်လေးစီကိုသာ မိသားစုလေးယောက်သားလျှောက်လာကြသည်။ ထိုအကျင့်ကို နှင်းတောင်မှတ်မိနေပြီ။

သော် မြန်မာနိုင်ငံကိုပြန်ရောက်ချိန်ကစပြီး အမေဖြစ်သူရဲ့တောင်းဆိုမှုကြောင့် နှင်းတစ်ယောက် သော်တို့မိသားစုနဲ့သာ အတူနေလာခဲ့သည်။ ကြားထဲမှာ အမေဖြစ်သူနဲ့အတော်လေးကို အဆင်ပြေပေမဲ့ အဖေနဲ့တော့ စကားပြောတာရှားလှသည်။ ဘာလို့ဆို နှင်းဟာ ကြောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စကားပြောတာကို ရှောင်နေတာ​ကြောင့်ပင်။ ဒါတောင် တစ်ခါတလေ ယမင်းထွန်းရဲ့ကောင်လေးအိမ်လာတဲ့အချိန်ဆို နှင်းကလည်း သော့်အနားကမခွာတော့သလို အစ်ကိုကလည်း သူ(မ)အစ်မရဲ့အနားကနေ မခွာတော့ပေ။ အခုဆို ထိုအရာဟာ နှစ်ယောက်လုံးအတွက်အကျင့်လိုဖြစ်နေတော့ ဘာမှမပြောတော့ပေ။

-အကယ်၍- (2)(Completed)Where stories live. Discover now