ယမင်းသော်တစ်ယောက် ဘယ်မှမသွားဘဲ အိမ်မှာစားလိုက်၊အိပ်လိုက်နှင့် အိမ်တွင်းအောင်းနေတာ တစ်ပတ်နီးပါးလောက်ရှိပြီ။ ဒါကြောင့် ဒီနေ့တော့ မနက်(၁၀)နာရီလောက်ထရင်းစာအုပ်တိုက်သွားရန် ပြင်ဆင်မိသည်။ အရင်ကဆို အဝေးမှာရှိတဲ့အတွက် စာဖိုင်နဲ့ဘဲပို့ပေးနေကြဖြစ်ပေမဲ့ ရန်ကုန်လည်းရောက်နေပြီလို့ကြားတော့ ကိုယ်တိုင်တွေ့ပြီးပေးချင်သည်။ တစ်ခါမှလည်းမရောက်ဘူးတော့ သွားကြည့်ချင်သေးတယ်။ ပြင်စရာရှိရင်လည်း ချက်ချင်းပြင်ရအောင်ပေါ့။
မနက်(၁၀)နာရီမှာထလာပေမဲ့ မိနစ်အနည်းငယ်လောက်ကိုတော့ ထိုင်ငေးရင်းနဲ့သာအချိန်ကုန်သွားသည်။ ဗီဒိုလေးထဲ ဘာဝတ်ရမလဲရှာကြည့်တော့ ခရမ်းရောင်ရင်ဖုံးဝမ်းစက်လေးကို မျက်စိထဲမြင်မိသည်။ ဆံပင်လေးကို တစ်ဝက်ခွဲစည်းလိုက်သည်။ ရေမွှေးအနည်းငယ်စွတ်လိုက်ပြီး ပြင်ဆင်ခြင်းပြီးဆုံးသွားသည်။
မနက်(၁၁)ခွဲလောက်တွင်တော့ အိမ်မှထွက်လာပြီးနီးရာ မှတ်တိုင်ကို သွားမိသည်။ လမ်းထိပ်ရဲ့စတိုးဆိုင် မျက်နှာချင်းဆိုင်မှာ ဒီရပ်ကွက်အတွက် ကားဂိတ်လေးရှိသည်။ ကားစောင့်တဲ့သူတွေ ကားစောင့်ရင်း ညောင်းမှာစိုးလို့ စတိုးဆိုင်နားမှာနေတဲ့ဦးလေးကြီးတစ်ယောက်က လုပ်ထားပေးသည်။ ကားစောင့်တဲ့သူတွေ နေပူမှားစိုးလို့ဆိုပြီးလည်း အမိုးလေးလုပ်ထားပေးသေးသည်။ ဒီနေ့တစ်နေ့တော့ ပတ်ဝန်းကျင်ကိုခံစားရင်းသွားရမယ်။
ဘတ်(စ်)ကားစောင့်နေစဥ် ဘေးလွယ်အိတ်လေးစီမှ နားကြပ်လေးကိုထုတ်လိုက်သည်။ လက်ထဲကဖုန်းစီနားကြပ်လေးတပ်လိုက်ကာ သီချင်းနားထောင်ရန်လုပ်လိုက်သည်။ ဘယ်သွားသွား သီချင်းနားထောင်တတ်တဲ့အကျင့်က မပျောက်သေးပေ။
နာရီဝက်လောက်စောင့်ပြီးအကြာတွင်တော့ စီးရမည့် ဘတ်(စ်)ကား လာလေပြီ။ နာရီဝက်ကြီးတောင် စောင့်လိုက်ရတာဘဲ။ ကားပေါ်တက်တက်ပြီးချင်းမှာဘဲ ထိုင်ခုံလွတ်တွေ့တဲ့နောက်ကိုသာလျှောက်သွားလိုက်သည်။ တနင်္လာနေ့ဖြစ်ပေမဲ့
နေ့လည်ဖြစ်လို့ထင်သည်။ လူသိပ်မကျပ်ပေ။
နောက်ဘက်ဒေါင့်ကျသည့်နေရာတွင် ထိုင်လိုက်ပြီး သီချင်းနားထောင်ကာလိုက်ပါလာခဲ့သည်။
YOU ARE READING
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..