If-31(U)

488 46 0
                                    

နေ့ကတော့ စနေနေ့။ ဖေဖောဝါရီလ(၂၀)ရက်။ ဒီနေ့ဟာ ယမင်းသော်သိပ်ကိုချစ်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့မွေးနေ့ဖြစ်သည်။ သူ(မ)ကိုမွေးဖွားလာပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း ပြောဖို့ရာ မိဘနှစ်ယောက်လုံးဟာ အဝေးကိုထွက်ခွာသွားခဲ့ကြပြီ။ နှင်းဟာ သူ(မ)မွေးနေ့ကို ယမင်းသော်တို့နဲ့အတူ ဘယ်တုန်းပမှမလုပ်ခဲ့ပေမဲ့ ယမင်းသော်ဟာ ဒီနှစ်တော့ လုပ်ဖြစ်အောင်လုပ်ပေးမည်ကို ဆုံးဖြတ်ထားသည်။ ဒါဟာ သူ(မ)နဲ့ နှင်းသဇင်မင်းတို့ရဲ့ နောက်ဆုံးမွေးနေ့ပွဲလေးအဖြစ် သူ(မ)အားလုပ်ပေးချင်သည်။ ဘယ်အရာကမှ ယုံရတာမဟုတ်ဘူးလေ။

...

မွေးနေ့ရက်ရဲ့မနက်ခင်းလေးမှာ ယမင်းသော်ဟာ စောစောလေးနိုးလာခဲ့သည်။ ဒီနေ့ဟာ ပိတ်ရက် စနေနေ့ဖြစ်သည်။ ဆိုင်လည်းပိတ်တာကြောင့် ဘယ်ရီကို ဒီနေ့မှာ ဆိုင်တွင် မွေးနေ့ပွဲလေးလုပ်ရန် ပြောထားသည်။ မြတ်နိုးအောင်နဲ့ သဇင်မေတို့ကိုလည်းခေါ်ထားသည်။ နှင်းမသိအောင် ယမင်းသော်ဂရုတစိုက်ပြင်ဆင်ခဲ့ရသည်။

မနက်ပိုင်းမှာ နှင်းအတွက် ပြင်ဆင်ထားတာလေးတွေကို လုပ်ပေးပြီး ညနေမှာတော့ နှင်းအကြိုက်, သူ(မ)ကြိုက်တာ တစ်ခုခုလုပ်ပေးရန် စီစဥ်ထားသည်။ တကယ်လို့ နှင်းဟာ မတောင်းဆိုခဲ့ရင် ခေါ်သွားရန်နေရာလေးတစ်ခုကိုလည်း စီစဥ်ထားသေးသည်။

စဥ်းစားရင်းပြုံးနေသောမျက်နှာကိုတည်ကာ ဘေးမှာအိပ်ပျော်နေ​သောချစ်ရသူအားမနိုးသွားစေရန် ကုတင်မှခပ်ဖြည်းဖြည်းထကာ ရေချိုးခန်းထဲဝင်သွားသည်။ အရင်ဆုံး ယမင်းသော်မှာ သူ(မ)ဘာသာပြင်ဆင်ထားသည်များကို တစ်ယောက်တည်းသွားယူရန်ဖြစ်သည်။

ယမင်းသော်တစ်ယောက် သွားရန်အားလုံးပြင်ဆင်ပြီးချိန်တွင်တော့ နှင်းသဇင်မင်းတစ်ယောက် အိပ်ရာမှနိုးလာခဲ့သည်။

အပြင်သွားရန် အင်္ကျီတွေဘာတွေလဲထားသော ယမင်းသော်ကိုကြည့်ရင်း.. "အပြင်သွားမလို့လား သော်။ ဘယ်ကိုလဲ။"

ကြည့်ရတာ ဒီနေ့ဟာ သူ(မ)ရဲ့မွေးနေ့ဆိုတာ မေ့နေပုံရသည်။ မဟုတ်ရင် မေ့ထားတာလဲဖြစ်နိုင်သည်။

-အကယ်၍- (2)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ