အရင်အပတ်က အပြင်သွားပြီးတဲ့အချိန်ကစပြီး အခုထိအိမ်တွင်းပြန်အောင်းနေတာတစ်ပတ်လောက်ရှိပြီ။ အိမ်မှာနေပြီးစာရေးလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ စားလိုက်လုပ်နေတာ။ ပျင်းစရာကောင်းပေမဲ့ သိပ်တော့မပင်ပန်းလှပါဘူး။ လကုန်ဖို့သိပ်မလိုတော့ဘူးဆိုတော့ လကုန်ရင် ဆိုင်သွားရမယ်။
ကြားထဲအချိန်တွေတော့စားလိုက်၊ အိပ်လိုက်၊ စာရေးလိုက်နဲ့ဘဲပေါ့။ တစ်ခါတလေလည်းနစ်ကီနဲ့လမ်းလျှောက်သွားတာပေါ့။ အိမ်ထဲမှာဘဲ နေ့တိုင်းနေရင် အပျင်းရောဂါနဲ့ဆေးရုံရောက်သွားလောက်တယ်။
...
လကုန်ပြီး နောက်တစ်ရက်တွင် နေ့စဥ်လုပ်ငန်းများကိုပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ မနက်ခင်းမှာ စောစောစီးစီးနိုးလာပြီး မျက်နှာသစ်ကာ မနက်စာစားရင်းလုပ်ရမည်များကိုတွေးနေသည်။
အရင်ရက်က သူ(မ)သူငယ်ချင်းဖြစ်သူဘယ်ရီနဲ့ဖုန်းပြောရင်း ဆိုင်မှာ မီနူးအသစ်လေးလုပ်ချင်တယ်ဆိုတဲ့အပြောကြောင့် ယမင်းသော်မိမိခေါင်းကိုအလုပ်ပေးရအုံးမည်။ ဘဝမှာ စဥ်းစားရတာလောက် ခေါင်းစားတာမရှိဘူး။
မနက်စာကိုစောစောစီးစီးထစားပေမဲ့ တစ်နာရီလောက်အကြာမှသာ စား၍ပြီးသည်။ ပန်းကန်ကို ဘေစင်တွင်သာ တင်ခဲ့လိုက်သည်။ ခေါင်းကိုအလုပ်လုပ်လိုက်တော့ပန်းကန်လည်းမဆေးချင်တော့ပေ။
ဟူးးး ပျင်းလိုက်တာ။ ဆိုင်သွားချင်တယ်။ အပြင်လည်းမထွက်ချင်ဘူး။ ဆိုင်ဘဲသွားချင်တယ်။
ဟာ ဘာလုပ်ရမလဲ။
ကိုယ့်ဘာသာကိုယ် လူတစ်ယောက်လို့တောင် မထင်တော့ဘူး။ ဘာလို့ဒီလောက်ပျင်းနေပါလိမ့်။ အရင်ကဒီလိုမဟုတ်ပါဘူး။ နင်ပြောင်းလဲသွားပြီဘဲ ယမင်းသော်။
လူတစ်ယောက်လို့ကိုယ့်ကိုယ်ကိုမထင်တော့တာကြောင့် ယမင်းသော်လည်း ကိုယ်တိုင်မသွားဘဲဘယ်ရီကိုလာရန် ပြောဖို့အတွက်ဖုန်းဆက်လိုက်သည်။
"ဟယ်လို။ ဘယ်ရီလား။"
ပြောပြာပြီးချင်းအားမာန်အပြည့်နဲ့အသံဟာဖုန်းစပီကာမှပျံ့နှံ့လာသည်။ နစ်ကီလေးကတော့ ဘေးနားမှာထိုင်ကာ ကစားစရာတွေနဲ့ဆော့နေသည်။
BẠN ĐANG ĐỌC
-အကယ်၍- (2)(Completed)
Lãng mạnတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..
