If-11(U)

852 73 0
                                    

နောက်တစ်နေ့မှာ အဖေဖြစ်သူရဲ့ ဖုန်းခေါ်ဆိုမှုရရှိသည်။ နောက်နေ့ကစပြီး ယမင်းသော်ရဲ့အဖေရဲ့ project တစ်ခုတွင်ကူညီပေးရန် ပြောထားတာကြောင့် ယမင်းသော်လည်း ဆိုင်ကို မနက်သာအလုပ်ဆင်းပြီး ညနေဘက်ကို ထို project အတွက် အလုပ်လုပ်ရသည်။

အဆောက်အဦးဆောက်ရန်ဖြစ်တဲ့အတွက်
Reference ရစေရန် ဒီအပတ်ပိတ်ရက်စာအုပ်ဆိုင်သွားရင်း စဥ်းစားရန် ဆုံးဖြတ်ထားသည်။
ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတဲ့ ယမင်းသော်အတွက် မိသားစုက Drawing အတွက် သင်တန်းထားပေးထားတော့ ဒီအ​​ဆောက်အဦး design ကို ယမင်းသော်ဆွဲပေးဖို့ အဖေကပြောထားသည်။ ဒါပေမဲ့ ယမင်းသော်တစ်ယောက်တည်းတော့မဟုတ်ပေ။ အဖွဲ့တစ်ဖွဲ့ရှိပြီး ထိုထဲမှာ ယမင်းသော်ပါသွားခြင်းသာဖြစ်သည်။

အရင်ကတော့အပျော်တမ်းပုံဆွဲပေမဲ့ ယခုလိုအရေးကြီးတာအတွက်ဆွဲရမည်ဆိုတော့ ယမင်းသော်တော်တော်လေး စိတ်ညစ်နေသလို စိတ်လည်းလှုပ်ရှားနေသည်။ တစ်ခုခုများမှားသွားမလားဆိုတဲ့စိတ်ဟာလည်း အတွေးထဲမှာ သံသရာလည်နေသည်။

ကြားရက်တွေမှာ စာရေးတာအပြင် ဒီအလုပ်ပါထပ်ပေါ်လာတော့ တော်တော်လေး ပင်ပန်းသည်။ မနက်ကို (၉)နာရီထပြီး ဆိုင်ကို နောက်မကျအောင်သွားသည်။ နေ့လည်ဆို (၂)နာရီလောက်အထိသာဆိုင်အလုပ်လုပ်ပြီး နောက်ပိုင်းအချိန်တွေကို ကုပ္မဏီအလုပ်လုပ်ရသည်။ တစ်ခါတလေ ကုပ္မဏီသွားရသေးသည်။ ညပိုင်းမှာ စာရေးရသည်။

ပြီးတော့သွားမဲ့ရက်မတိုင်ခင် သောကြာနေ့ညကပင်ပန်းလွန်း၍ စောစောအိပ်လိုက်ပေမဲ့ မနက်ကြတော့ နိုးလာတာ မနက်(၁၁)နာရီခွဲလောက်ရှိပြီ။ နှင်းနဲ့ တွေ့ဖို့ချိန်းထားတာ နေ့လည် (၁၂)နာရီဆိုတော့ ကမန်းကတည်းပြင်ဆင်ပြီး လမ်းထိပ်ကိုထွက်လာရသည်။ရေမိုးချိုးပြင်ဆင်ပြီးကာမှ မနက်စာမစားရသေးမှန်းသတိရမိပေမဲ့ နောက်ကျမှာစိုးလို့ နစ်ကီကို အဒေါ့်အိမ်မြန်မြန်ပို့ကာ လာရသည်။

အဖြစ်ကလည်းဆိုးလိုက်တာ။

တော်သေးသည်က ရောက်သွားသည့်အချိန်က၁၂ ၁၅မိနစ်လောက်ဘဲရှိသေးသည်။ သိပ်နောက်မကျတာကြောင့် ယမင်းသော်သက်ပြင်းချမိသည်။

-အကယ်၍- (2)(Completed)Where stories live. Discover now