Final(U)

2.2K 77 0
                                    

ယမင်းသော် ထိုကိုရောက်တဲ့အချိန်သည် ည(၉)နာရီလောက်ရှိပြီ။ သွားနေတဲ့လမ်းတစ်လျှောက်လုံး အပြင်ဘက်ကမီးရောင်စုံကြား သွားလာလှုပ်ရှားနေတဲ့လူတွေကိုသာ ကြည့်နေမိသည်။ လက်ထဲမှာတော့ နှင်းပေးလိုက်တဲ့ပန်းစည်းလေးကို လက်ကမလွှတ်တန်းကိုင်ထားသည်။ ရောက်တာနဲ့ နေရမဲ့နေရာကို တစ်ဆက်တည်းသွားလိုက်တာကြောင့် အနည်းငယ်တော့ လူသက်သာသည်။ (၆)နာရီကြာ လေယာဥ်စီးလာတာကြောင့် လူက ပင်ပန်းနေသည်။

အိမ်ရောက်ရောက်ချင်း ကားနောက်ထည့်လာတဲ့အိတ်တွေကို အခန်းထဲသေချာစွာထည့်လိုက်သည်။ ပြီးတာနဲ့ ဘာမှမစားတော့ဘဲ အိပ်ရန်စဥ်းစားထားပေမဲ့ မအိပ်ခင်လေး နှင်းပေးလိုက်သော ပန်းစည်းလေးကို စားပွဲပေါ်မှာသေသေချာချာထားလိုက်သည်။

ခရီးဆောင်အိတ်ထဲကနေ ပေါ့ပေါ့ပါးပါးအင်္ကျီတစ်ထည်ကို လဲဝတ်လိုက်ပြီး အောက်ထပ်မှ အိမ်တော်ထိန်းတစ်ယောက်စီသွားကာ ပန်းအိုးလေးတစ်အိုးကို တောင်းလိုက်သည်။ ကြယ်တာရာပန်းလေးတွေကို အိုးလေးထဲသေချာထည့်လိုက်ပြီး ပြတင်းပေါက်ဘေးလေးမှာ သေချာထားလိုက်သည်။ ပန်းအိုးလေးကိုကြည့်နေရာကနေ ပြတင်းပေါက်ကနေမြင်နေရတဲ့လမင်းကြီးကိုကြည့်မိတော့ လည်းပင်းထပ်က လပုံစံဆွဲကြိုးလေးကို လက်လေးနဲ့ဆွဲကိုင်လိုက်မိသည်။

လာမဲ့နေ့ရက်တွေမှာ မင်းရဲ့ ပုခုံးစွန်းလေးကိုမှီရင်း မင်းကိုဘယ်လောက်ချစ်ကြောင်းတွေပြောမယ်။
ကျူပင်ယိမ်းနွဲ့နွဲ့လေးကြားမှာ မင်းရဲ့လက်လေးကို ဖွဖွလေးကိုင်ရင်း လမ်းအတူလျှောက်မယ်။
ပင်လယ်ဘေးလေးမှာထိုင်ပြီး လွင့်မျောနေတဲ့မင်းရဲ့ဆံနွယ်ကြားကလှပလွန်းတဲ့ ခင်ဗျားမျက်ဝန်းလေးတွေကိုငေးရင်း ဘဝကိုကုန်ဆုံးကြမယ် အချစ်ရေ။

အိပ်တော့မည်ဖြစ်တာကြောင့် ပြတင်းပေါက်ကိုပြန်ပိတ်လိုက်ကာ အမေတို့အား ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားလိုက်သည်။ နှင်းစီကိုလည်း ဖုန်းဆက်ကာ အကြောင်းကြားလိုက်သည်။ ဘယ်ရီ့စီကိုတော့ စာတစ်စောင်လှမ်းပို့လိုက်သည်။ ထို့နောက် ကုတင်ပေါ်တက်ကာ အိပ်ဆက်ခြင်းစီသို့။

-အကယ်၍- (2)(Completed)Tahanan ng mga kuwento. Tumuklas ngayon