If-22(U)

915 80 2
                                        

"ငါတို့နှစ်ယောက် အသစ်ကပြန်စလို့ရမလား သော်။ ကျေးဇူးပြုပြီး"

ယမင်းသော်ကို ဆွဲဖက်ကာ ပြောလိုက်တဲ့စကားလေးဟာ လေးနက်မှုအပြည့်ပါနေသည်။ တင်းတင်းကျပ်ကျပ်အဖက်ခံလိုက်ရတာကြောင့် ယမင်းသော်ဘာလုပ်ရမှန်းမသိဖြစ်ခဲ့သည်။ အခုလိုဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ ကြားလိုက်ရတဲ့စကားကြောင့် ယမင်းသော်ပိုလို့တောင်ကြောင်သွားမိသည်။

"ဟမ် နှင်း။ ဘာကို.."

မိနစ်အနည်းငယ်ကြာတဲ့အထိဖက်ထားတာကြောင့် ယမင်းသော် သူ(မ)လက်နှစ်ဖက်ကို နှင်းရဲ့ကျောပြင်ကိုပို့လိုက်သည်။

"နှင်း ဘာကိုပြောချင်တာလဲ။"

"ပြန်တွဲရအောင် ယမင်း​သော်။ ငါဆက်ပြီးထိန်းမထားချင်တော့ဘူး။"

ရှင်းရှင်းလင်းလင်းကြားလိုက်သောစကားသံဟာ ယမင်းသော်နားထဲကို ကျယ်လောင်စွာဝင်ရောက်လာသည်။ တစ်ဆက်တည်းမှာဘဲ ဘာကြောင့်လဲဆိုတဲ့ အသိဟာ အတွေးထဲဝင်ရောက်လာသည်။

အခုချိန်မှ။ ဘာကြောင့်လဲ။ စစချင်းတွေ့တုန်းက
ဘာလို့မပြောခဲ့တာလဲ။

ယမင်းသော်အတွက် ပြန်အဆင်ပြေစေချင်သည်မှာမှန်ပေမဲ့ နောက်တစ်ခါသာ အရင်လိုဖြစ်ရပ်မျိုးထပ်ဖြစ်ရင်ဘယ်လိုလုပ်ရမလဲ။ သစ္စာဖောက်ခဲ့တာမဟုတ်ဘူးလို့သိထားပေမဲ့ အမှန်တကယ်ကိုအနည်းငယ်ကြောက်မိသည်။

"ဘာလို့လဲ နှင်းး"

"ဟင် ဘာကို"

"ဘာလို့လဲလို့။ အခုမှ ဘာလို့လဲလို့။"

ဖက်ထားသည်ကို အတင်းရုန်းထွက်ကာ အော်ပြောလာသောသော့်ကြောင့် နှင်းအယောင်ယောင်အမှားမှားဖြစ်သွားရသည်။ မှားသွားပြီလား။ ပြောလိုက်တာ မှားသွားပြီလား။

"အာ သော်နဲ့ ထပ်ပြီးသူငယ်ချင်းအနေနဲ့မရှိချင်တော့လို့။ နောက်ထပ် နောင်တရမဲ့အဖြစ်မျိုး ထပ်မဖြစ်ချင်တော့လို့။"

ခေါင်းကိုငုံ့ကာအတွေးတွေနဲ့ ယောက်ရပ်ခပ်နေသော သော့်ကြောင့် နှင်းလည်း ဒူးထောက်ချလိုက်သည်။ အခုအချိန်မှာ ဘေးကလူတွေကြည့်ပြီး ပြောနေမှာကိုလည်း နှင်းမကြောက်မိတော့။ အခုအချိန်မှာ နှင်းအတွက်အရေးကြီးဆုံးက ယမင်းသော်ဘဲ။

-အကယ်၍- (2)(Completed)Where stories live. Discover now