မွေးနေ့ရက်မှာ ညဘက်လောက်အထိ ယမင်းသော်နဲ့ နှင်းသဇင်မင်းတို့ ကားပတ်မောင်းခဲ့ကြသည်။ လုပ်စရာမယ်မယ်ရရမရှိတာကြောင့်ရော။ သွားချင်တဲ့နေရာလေးရှိတာကြောင့်ရော အိမ်ပြန်ရောက်ချိန်က နောက်ကျသွားသည်။
နောက်နေ့မနက်တွင်တော့ နှင်းသဇင်မင်းတစ်ယောက် စောစောနိုးလာသည်။ မနေ့က သော်တစ်ယောက် သူ(မ)မွေးနေ့အတွက်ပြင်ဆင်ရင်း ပင်ပန်းခဲ့တယ်မလား။ အဲ့တော့ ဒီနေ့ သော့်အတွက် မနက်စာ သော့်အကြိုက်ပြင်ပေးရန်ဖြစ်သည်။ ယမင်းထွန်းကတော့ လုပ်စရာရှိသည်ဆိုတာကြောင့် အစောကြီး အိမ်မှထွက်သွားပြန်သည်။ အခုတလော ယမင်းထွန်းလည်း အတော်လေးကိုအလုပ်များနေသည်။
နှင်းလည်း မီးဖိုချောင်ဝင်ကာ ယမင်းသော်ကြိုက်တတ်သော ကြက်သားပလာတာလုပ်ကျွေးရန် ပြင်ဆင်တော့သည်။ ရှမ်းခေါက်ဆွဲကိုအကြိုက်ဆုံးဆိုပေမဲ့ သော့်အမေချက်ကျွေးနေကြ ကြက်သားပလာတာကို သတိရလောက်မယ်ဆိုတဲ့အသိနဲ့ပင်။
မနက်(၈)နာရီလောက်ကတည်းက မီးဖိုချောင်တွင် တစ်ယောက်တည်းအလုပ်ရှုပ်နေသော နှင်းသဇင်မင်း။ ယမင်းသော်ကတော့မထသေးပေ။ မနေ့ကနှင်းအတွက်ကြိုးစားပေးလိုက်တာ တော်တော်ပင်ပန်းသွားပုံဘဲ။
အတွေးတွေနဲ့အလုပ်ရှုပ်နေပေမဲ့ အိမ်ရှေ့မှ လူခေါ်ဘဲလ်သံကြောင့် တွေးလက်စအတွေးတွေပျောက်သွားကာ အိမ်ရှေ့ကိုထွက်လာမိသည်။ ကိုယ်မှာဝတ်ထားမိတဲ့ apron ကိုလည်းမချွတ်လိုက်ဘဲ အိမ်ရှေ့ကိုပြေးထွက်လာသည်။
လာစရာဘယ်သူရှိလို့လဲ။ အစ်မယမင်းကလည်း အလုပ်ရှိလို့ထွက်သွားတာ အခုအချိန်ဘယ်ပြန်လာအုံးမလဲ။
အတွေးတွေနဲ့ အိမ်တံခါးဖွင့်လိုက်ချိန် တွေ့လိုက်ရသူကြောင့် နှင်းသဇင်မင်းခဏတာ အံ့ဩကာ ရပ်နေမိသည်။
နောက်ဆုံးတော့.....
...
ယမင်းသော်တစ်ယောက် မနေ့ကနောက်ကျမှအိပ်လိုက်တာ မနက်တော့ (၉)နာရီလောက်နိုးလာသည်။ နိုးလာတာကလည်း alarm သံကြောင့်ဖြစ်သည်။ ဘေးကိုကြည့်မိတော့ နှင်းဟာလည်းမရှိတာကြောင့် အောက်ထပ်ဆင်းသွားပြီဆိုတာသိလိုက်သည်။
CZYTASZ
-အကယ်၍- (2)(Completed)
Romansတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..