If-25(U)

598 39 0
                                    

ဒီနေ့တွင်တော့ သုံးယောက်လုံး စောစီးစွာထကာ
ကုပ္မဏီသွားရန် လုပ်နေကြသည်။ မနက်(၈)နာရီတွင် အိမ်မှစထွက်ပြီး ယူစရာရှိသောနှင်းကြောင့် သူ(မ)အိမ်ကို အရင်ဆုံးသွားလိုက်သည်။ ပြီးတော့မှ ကုပ္မဏီဆက်သွားတာပေါ့။

လမ်းတွင်ကားပိတ်တာကြောင့် ကုပ္မဏီရောကအချိန်သည် မနက်(၉)နာရီခွဲသွားပြီဖြစ်သည်။ အစ်မဖြစ်သူယမင်းထွန်းတစ်ယောက် နောက်ကျနေပြီဖြစ်တာကြောင့် သူ(မ)ရုံးခန်းကိုသာအလျင်အမြန်တက်သွားသည်။ နှင်းသည်လည်း အလုပ်ချိန်နောက်ကျနေ​ပြီးဖြစ်၍ သော့်အနားမှာ ဆက်နေလို့မရတော့တာ​ကြောင့် မိမိအလုပ်လုပ်ရာ နေရာကို ကမန်းကတန်းတက်သွားတော့သည်။

ဒါကြောင့် ဘာမှလုပ်စရာမရှိတဲ့ ယမင်းသော်
တစ်ယောက် တွေ့ရမယ်လို့ပြောထားတဲ့ လူဆီသာသွားလိုက်သည်။ ဒါပေမဲ့ သူ(မ)ပုံစံဟာ လုံးဝကိုမှိုင်းကျနေသည်။ မလုပ်ချင်တဲ့အလုပ်ကို လုပ်ခိုင်းရင်ဖြစ်သွားတတ်တဲ့ ယမင်းသော်ပုံစံပါဘဲ။

ထိုအခန်းရှေ့ရောက်တော့ ကိုယ့်ကိုယ်ကိုအနည်းငယ်ပြင်ဆင်လိုက်သည်။ ဘယ်လောက်ဘဲမလုပ်ချင်ချင်။ သပ်သပ်ရပ်ရပ်တော့ဖြစ်နေရမှာပေါ့။ ပြီးမှာ တံခါးခေါက်ကာ အသံပေးလိုက်သည်။

"ဟုတ်ကဲ့ ဝင်ခဲ့ပါ"

ချက်ချင်းဘဲအထဲမှ "ဝင်ခဲ့ပါ" ဆိုသော အသံကြားမှယမင်းသော်လည်း သက်ပြင်းညင်းညင်းလေးချကာ ဝင်သွားလိုက်သည်။

"ဘာကိစ္စလဲ မသိ...။ အော် ယမင်း ဘယ်လိုလုပ်ရောက်လာတာလဲဗျာ။"

အလုပ်စားပွဲမှာ စာအုပ်ပေါင်းများစွာကြားမှာအလုပ်ရှုပ်နေတဲ့ထိုယောက်ျားဟာ ထက်မြတ်ပြီးသိပ်ကိုချောလွန်းတဲ့ယောက်ျားတစ်ယောက်ပါဘဲ။ အခြားလူတွေအတွက်တော့ဘယ်လိုနေမလဲမသိပေမဲ့ ယမင်းသော်အတွက်တော့ ဒီတိုင်း အစ်မကိုတစ်ယောက်လိုဘဲ။

"အာ ကိုရှိုင်း အဖေကလာတွေ့ခိုင်းတယ်ဆိုလို့ပါ"

နှစ်တော်တော်ကြာရင်းနှီးကြသော လူတွေဆိုပေမဲ့ မတွေ့တာ တစ်နှစ်ကျော်ကြာပြီဖြစ်တာကြောင့်
ယမင်းသော်ဘက်က မရင်းနှီးသလို အနည်းစိမ်းနေသည်။

-အကယ်၍- (2)(Completed)Where stories live. Discover now