If-18(U)

973 70 1
                                        

ဒီနေ့တော့ ခါတိုင်းလိုပါဘဲ။ယမင်းသော်တစ်ယောက် စောစောထကာဆိုင်သွားရန် ဆိုင်းပြင်နေတော့သည်။ မမအတွက် မနက်စာပြင်ဆင်ပေးခဲ့ပြီး နစ်ကီလေးကိုလည်း မနက်စာကျွေးလိုက်ကာ
ထွက်လာလိုက်သည်။ မနက်စာကတော့ ထုံးစံအတိုင်း ထမင်းကြော်ပေါ့။

အိမ်ကနေမနက်(၉)နာရီခွဲလောက်ထွက်ခဲ့ပြီး ဆိုင်ရောက်ချိန်ကတော့ ၁၁နာရီထိုးတော့မည်။ ဆိုင်ရောက်တော့ ဘယ်ရီဟာ ယမင်းသော်ကိုမြင်တာနဲ့ သူ(မ)သင်တန်းသွားရန်ထွက်လာသည်။

"မနေ့က နင်ပြောခိုင်းတာလေ။ ရတယ်သိလား။"

သူ(မ)ရှေ့လာရပ်သော ဘယ်ရီ့အား သူငယ်ချင်းတွေနဲ့လိုက်လို့ရကြောင်း ပြောလိုက်သည်။

"ဝိုး တကယ်။ နောက်ဆုံးတော့ ခရီးထွက်ရတော့မယ်။"

"အင်းပေါ့"

ပျော်နေတဲ့စိတ်ကိုခဏထိန်းလိုက်ပြီး လက်ကနာရီကြည့်မိတော့ နောက်ကျနေပြီ။

"ဒါနဲ့ ငါသွားတော့မယ်။ နောက်ကျနေပြီ။"

"အင်း ဂရုစိုက်"

ယမင်းသော်လည်း ဘယ်ရီအားနှုတ်ဆက်ကာ ဆိုင်ထဲဝင်ရင်းအလုပ်များ စတင်လုပ်တော့သည်။

...

အပြန်တွင်တော့ လမ်းထိပ်ကMarketမှာ အစ်မဖြစ်သူ ဝယ်လာရန်မှာထားသော အရာများဝယ်ရန်ဆင်းလာသည်။

"ဘာတွေမှာလိုက်တာပါလိမ့်။"

ဦးနှောက်က ဒီလိုနေရာဆို မကောင်းပေ။ ဈေးဝယ်ဖို့သွားတိုင်း စာနဲ့ရေးမှတ်နေရတဲ့ ယမင်းသော်ဟာ သင်္ချာတွင်သာ ဉာဏ်ကောင်းလွန်းခဲ့သည်။

ဘာတွေမှာလိုက်မှန်း လုံးဝမမှတ်မိတော့တာကြောင့် အစ်မဖြစ်သူစီသာ ဖုန်းဆက်မေးမှဘဲရတော့မည်။

"ဘာလဲ!"

ဖုန်းကိုင်ကိုင်ချင်း ထအော်သောယမင်းထွန်းဟာ တစ်ခါတလေ ဘာဖြစ်မှန်းမသိပါ။ သူ(မ)လည်း ပုံမှန်တော့မဟုတ်လောက်ဘူး။

ဘယ်လိုတောင်အော်နေတာလဲ။ လန့်လိုက်တာ။

"လန့်တာ မမရယ်။ ဘယ်လိုလုပ်အော်နေတာတုန်း။ အေးအေးဆေးဆေးလေးပြောစမ်းပါ။"

-အကယ်၍- (2)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ