If-15(U)

815 70 3
                                    

သူငယ်ချင်းဖြစ်သူတွေနဲ့ပြန်တွေ့ပြီး နှင်းအိမ်လာ​နေတဲ့နေ့က နှင်းအိပ်ပျော်နေတာကိုငေးကြည့်ပြီးနေမိတော့ အိပ်ချိန်က ၁၂ ကျော်သွားသည်။ အစကတည်းက နှင်းကနောက်ကျမှအိပ်တတ်တဲ့အကျင့်ကြောင့် ထိုသို့နောက်ကျသွားခြင်းပင်။ သူ(မ)အိပ်ပျော်တာကိုစောင့်ရင်းနဲ့မှ ယမင်းသော်လည်းအိပ်ပျော်သွားသည်။

မနက်မှာတော့ နောက်ကျမှအိပ်ပျော်သွားတဲ့အကျိုးဆက်ကြောင့် မနက်(၁၀)နာရီလောက်မှနိုးလာသည်။ နိုးလာရ​ခြင်းဟာလည်း ဖုန်းသံတစ်သံကြောင့်လည်းပါတာပေါ့။ ဘေးကိုလှည့်ကြည့်တော့ နှင်းကအိပ်ပျော်နေတုန်း။ နှင်းမနိုးသွားစေရန် ကုတင်ဘေး စားပွဲပေါ်က ဖုန်းကိုအ​မြန်လှမ်းယူကာ ကြည့်လိုက်မိတော့.. "အယ် မမ!"

ဟုတ်သား ယမင်းသော်မေ့နေသည်။ ဒီနေ့ မမ ရန်ကုန်ပြန်လာမဲ့နေ့ဖြစ်သည်။ မနက်(၉)နာရီအမှီသွားကြိုဆိုတဲ့အကြောင်း ဟိုနေ့က မေမေပြောထားတာကို မေ့နေမိသည်။ အစ်မဖြစ်သူရဲ့ ဒေါသကိုမြင်မိတော့ ယမင်းသော်စိတ်ညစ်သွားသည်။

သွားပြီ ဆူခံရတော့မလား မသိဘူး။

ဖုန်းကို ချက်ချင်းကိုင်လိုက်ချိန်တွင်တော့ ယမင်း​သော်ဘက်က 'ဟယ်လို' မပြောရခင်မှာဘဲ.. "ငါ ဘယ်နှစ်နာရီထိုင်စောင့်နေရအုံးမှာလဲ။ မဟုတ်ရင် ငါ့ဘာ့သာငါပြန်လာရမလား ယမင်းသော်။ စောင့်ရတာကြလှပြီ။ အားကိုးရမလားလို့ ဒီညီမလေးတစ်ယောက်ဘဲရှိတာကွယ်။အားမကိုးရပါလား။"

တော်တော်လေးကိုဒေါသထွက်နေသောအစ်မ​ဖြစ်သူရဲ့အသံဟာ ဖုန်းမှတစ်ဆင့် စပီကာမဖွင့်တာတောင် ဘေးကကြားနေရသည်။ သာမန်ဆို စကားကိုကိုခပ်တိုးတိုးသာပြောတဲ့သူက အခုတော့ ဘေးကလူတွေတောင် ဂရုမစိုက်တော့ပါလား။

"အယ် မမ! ဆောရီး ဆောရီး။ ညကနောက်ကျမှအိပ်ပျော်သွားလို့။ အခုချက်ချင်းလာခဲ့မယ်။ ခဏစောင့် နာရီဝက်အတွင်းလာခဲ့မယ်။"

"အေး ပြီးကောနော်။ နာရီဝက်ထက်နောက်ကျကြည့်။ နင်သေမယ်။"

ထိုသို့ပြောပြောပြီးချင်း ဖုန်းချသွားလေရဲ့။ ကြည့်ရတာ တော်တော်လေးဒေါသထွက်နေပြီထင်တယ်.. ငယ်ငယ်ကတည်းက မမ အကြောင်းစုံကိုသိသောယမင်းသော်ကတော့ ဘုရားသာတနေမိသည်။

-အကယ်၍- (2)(Completed)Tahanan ng mga kuwento. Tumuklas ngayon