If-28(U)

526 53 2
                                    

ဒီနေ့တော့ ကုပ္မဏီမှာ အလုပ်ကိစ္စလေးရှိတဲ့အတွက် နောက်ကျမှထတတ်တဲ့ ယမင်းသော်တစ်ယောက် အစ်မဖြစ်သူတွေနဲ့အတူစောစောစီးစီးထရတော့သည်။ သုံးယောက်လုံးဟာ အလုပ်သွားရန်အတွက် ပြင်ဆင်ပြီးသွားတော့ အောက်ထပ်ထမင်းစားခန်းမှာ မနက်စာစားရန် ပြင်ဆင်လေတော့သည်။ ယမင်းသော်ကတော့ ထမင်းစားပွဲမှာထိုင်ကာ အလုပ်ရှုပ်နေတဲ့အစ်မနဲ့နှင်းကိုထိုင်ကြည့်နေသည်။

"ရော့ ဒီမနက်တော့ ဈေးမသွားရသေးလို့ ခေါက်ဆွဲဘဲစား။ နောက်မှချက်ကျွေးတော့မယ်။"

သုံးယောက်ကြားမှ အကြီးပီပီ အိမ်မှုကိစ္စအားလုံးကို ယမင်းထွန်းသာ တာဝန်ယူထားရသည်။ နှင်းဟာလည်း ကူညီပေးရင်းပေါ့။ ယမင်းသော်ကတော့ သန့်ရှင်းရေးပိုင်းကိုတာဝန်ယူသည်။

တိတ်တိတ်ဆိတ်ဆိတ်နဲ့ မနက်စာစားလိုက်ကြပြီး မနက်(၉)နာရီလောက်တွင်တော့ အိမ်မှကုမ္ဗဏီကို ထွက်လာခဲ့ကြသည်။ ရောက်တော့လည်း ယမင်းထွန်းဟာ သူ(မ)အလုပ်ခန်းကိုတန်းသွားပြီး နှင်းနဲ့ ယမင်းသော်ကတော့ အတူတူအပေါ်တက်လာကြသည်။

အလုပ်ခန်းစီရောက်တော့ နှင်းဟယ သူ(မ)စားပွဲခုံစီကိုသွားလိုက်ပြီး ယမင်းသော်ကတော့ ခေါင်းဆောင်ဖြစ်သူစီသာ သွားလိုက်သည်။ အခန်းတွေဟာကပ်လျက်ရှိနေကြတာဖြစ်ပြီး အားလုံးကိုမှန်တံခါးတွေနဲ့ဆောက်လုပ်ထားတာကြောင့် အရာအားလုံးကိုထိုးဖောက်မြင်ရသည်။ ပရောဂျက်အသစ်တစ်ခုအတွက် ဒီဇိုင်းရေးဆွဲရန် ယမင်းသော်ရောက်လာခြင်းဖြစ်သည်။

နှင်းသဇင်မင်းတစ်ယောက်မိမိရဲ့အလုပ်လုပ်ရာခုံတွင်ဝင်ထိုင်ပြီးသည်နှင့် ခေါင်းဆောင်ဖြစ်သူရှိတဲ့ အခန်းစီဝင်သွားသော ယမင်းသော်ကို တစ်မေ့တမောငေးကြည့်နေမိသည်။ အမဲရောင်ကုတ်အင်္ကျီဝတ်ထားပြီး stylepantအမဲကိုပါဝတ်ဆင်ထားတဲ့သော်ဟာ တကယ်ကိုရိုးရိုးရှင်းရှင်းလေးနဲ့ လှပလွန်းသည်။

မိမိဘေးက လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားသံတွေကြားမှ ငေးနေသည်ကို ရပ်သွားမိသည်။

ဘာတွေများပြောနေကြတာလဲဆိုပြီး နားစွင့်မိတော့ ယမင်းသော်အကြောင်းဖြစ်သည်။

-အကယ်၍- (2)(Completed)Where stories live. Discover now