If-17(U)

879 69 1
                                        

နောက်နေ့တော့ မနက်တွင်တော့ထူးထူးဆန်းဆန်း မြတ်နိုးအောင်စီမှ ဖုန်းလက်ခံရရှိသည်။ မနက်(၉)နာရီလောက်မှာအိပ်ရာထပြီး ဆိုင်သွားရန်ပြင်ဆင်နေချိန်ဖြစ်သည်။ အကြောင်းက​တော့ သူ(မ)နဲ့ သဇင်မေတို့ နောက်အပတ်ကြရင် ခရီးလေးတစ်ခုထွက်စရာရှိတာကြောင့် လိုက်ခဲ့ရန် ခေါ်ခြင်းပေ။ အလုပ်ခရီးမဟုတ်ဘဲ အပျော်ခရီးဖြစ်တာကြောင့် မြတ်နိုးတစ်ယောက်ခေါ်ခြင်းဖြစ်သည်။ ခရီးထွက်တဲ့နေရာဟာငယ်ငယ်ကရောက်ဖူးနေကြဖြစ်ပေမဲ့ မတွေ့တာကြာပြီဖြစ်တာကြောင့် အရင်ကလိုအတူတူသွားချင်ကြောင်းပြောလာသည်။

ယမင်းသော်လည်း အလုပ်ကတစ်ဖက်၊ ဆိုင်ကတစ်ဖက်နဲ့မို့ ငြင်းချင်ပေမဲ့ သူငယ်ချင်းတွေဆိုတော့လည်း ငြင်းလို့မကောင်းတော့ စဥ်းစားအုံးမယ်လို့သာ ပြောလိုက်သည်။ ခရီးထွက်ရတာကို မကြိုက်တာကြောင့် ငြင်းချင်သည်။ ဒါပေမဲ့ ငယ်သူငယ်ချင်းတွေဖြစ်တာကြောင့် ငြင်းလို့လည်းမကောင်း။

...

ဆိုင်ရောက်တော့လည်း ခပ်မြန်မြန်သာအလုပ်စရတော့သည်။ ဘာလို့ဆို တနင်္ဂနွေနေ့ဖြစ်တာကြောင့်ပင်။ အပတ်တိုင်းရဲ့နေ့ရက်တွေဟာ ဆိုင်မှာလူများပေမဲ့ တနင်္ဂနွေနေ့ဟာတော့ လူအများဆုံးနေ့ပင်။ ဒါကြောင့် ဆိုင်မှာ တနင်္ဂနွေနေ့ဆို အချိန်ပိုင်းလုပ်တဲ့လူဟာသုံးယောက်လောက်ရှိသည်။ ဆိုင်လေးအား ဘေးဘက်ကိုလည်းအနည်းငယ်ချဲ့ထားသေးသည်။

နေ့လည် ထမင်းစားနားချိန်တွင်တော့ ယမင်းသော်နဲ့ဘယ်ရီစကားပြောဖြစ်သည်။ ထွေရာလေးပါးပြောဆိုနေတာကြောင့် စကားတွေဟာ တောင်ရောက်လိုက်,မြောက်ရောက်နဲ့ပေါ့။

"ဒါနဲ့ နောက်အပတ် နင်အားလား"

"အင်း မသိသေးဘူး။ အချိန်ဇယားစစ်ကြည့်ရအုံးမယ်။ ဘာလို့လဲ။"

"အာ ငါ့ငယ်သူငယ်ချင်းတွေလေ။ နောက်အပတ် သူတို့ ခရီးထွက်စရာလေးရှိလို့လိုက်ခဲ့ပါလို့ ခေါ်နေလို့။ အလုပ်တစ်ဖက်,ဆိုင်တစ်ဖက်နဲ့တော့ စဥ်းစားနေတာ။"

"ရား ယမင်းသော် လိုက်သွားလိုက်။ ငယ်သူငယ်ချင်းတွေဆိုတာ ဆက်ဆံရေးမလုပ်ရင် ပျောက်သွားတတ်တယ်တဲ့။ နင့်ပုံစံနဲ့ဆို အဆက်အသွယ်တောင်မလုပ်ပုံရတယ်။ ဟိုဘက်က ခေါ်တုန်း နင်လည်း အဆက်အသွယ်လေးလုပ်သင့်တယ်။ ပြီးတော့ နင့်အလုပ်အတွက် ကုန်ကြမ်းလည်းရတာပေါ့။ ဟုတ်တယ်မလား။ မငြင်းလိုက်နဲ့။"

-အကယ်၍- (2)(Completed)Where stories live. Discover now