ဒီနေ့ကတော့ နားရက်ဖြစ်သည်။ အိမ်မှာဘဲစာရေးရင်း အချိန်ကုန်ဆုံးဖို့ ယမင်းသော်ဆုံးဖြတ်ထားသည်။ ပိတ်ရက်တွေဆိုရင် မနက်ပိုင်းကစလို့ စာရေးပြီး ညနေလောက်ကြရင် ခြံရှေ့ထွက်ရင်ထွက်၊ မဟုတ်ရင် နစ်ကီလေးနဲ့အတူ ရပ်ကွက်တစ်ပတ်လမ်းလျှောက်လေ့ရှိသည်။
ဒီနေ့ဟာ ယမင်းသော် အလုပ်လုပ်ရက် ဆယ်လကျော် ဆယ့်တစ်လလောက်ရှိလောက်ပြီ။ တိတိကျကျမမှတ်မိပေမဲ့ တစ်နှစ်နီးပါးလောက်ရှိပြီထင်တယ်။ ကြားထဲမှာ အခက်အခဲတွေရှိပေမဲ့ ဘေးနားမှာသင်ကြားပေးမဲ့လူတွေရှိတာကြောင့် အနည်းငယ်လွယ်ကူသွားသည်။ ဒီဆယ့်တစ်လတာကာလမှာ တိုးတက်လာတာဆိုလို့စာရင်းတွက်တာတွေဘဲရှိတယ်။
နှင်းနဲ့က မကြာခဏတွေ့ဖြစ်ပေမဲ့ ခဏသာ စကားပြောရင်း ကိုယ့်အလုပ်ကိုပြန်လုပ်နေကြဆိုတော့ သူ(မ)နဲ့ပတ်သက်ပြီးတိုးတက်လာတာ
မရှိသလောက်ပေ။ ဒါပေမဲ့လည်း တစ်ခါတလေတော့ လမ်းမှာဆုံဖြစ်တယ်။ ချစ်ရသူနဲ့စကားပြောပေမဲ့ ကြားထဲက ဆက်ဆံရေးပြန်လည်ပြတ်တောက်သွားမည်ကို
စိုးရိမ်သောအသိကမကြာမကြာဝင်လာသည်။
ဘာဘဲဖြစ်ဖြစ် လက်လျော့ရတော့မယ်ထင်တယ်။...
အလုပ်သွားရမည့်ရက်တွင်တော့ စောစောစီးစီး ထပြီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရတော့သည်။ ပြီးသည်နှင့် နောက်ကျတာတွေမဖြစ်အောင်စောစောထွက်ရသည်။ အရင်ကလိုတော့ ဗရုတ်သုတ်ခဖြစ်တာတွေ သိပ်မရှိတော့။
အရင်အချိန်ကဘဝလေးပြန်ရောက်ချင်လိုက်တာ။ ဘာမှမလုပ်ဘဲ လှဲနေရုံဘဲ။
ဒီနေ့လည်း မနက်ရောက်ကတည်းကအလုပ်တွေကိုမပြတ်လုပ်ရင်း။ နေ့လည်စာစားချိန်တွင်တော့ အောက်ထပ်တွင် ဆင်းကာစားလိုက်သည်။ အပြင်စာမစားပေမဲ့ အောက်ထပ်စားသောက်ဆိုင်မှာဘဲ ထမင်းချိုင့်ဖွင့်ကာ စားလိုက်သည်။ ပြီးတော့အလုပ်ပြန်လုပ်။ ဒါပါဘဲ။ တစ်နေ့တစ်နေ့ဒါတွေနဲ့ဘဲ အလုပ်ရှုပ်နေတာ။ တော်တော်လေးပင်ပန်းလှသည်။
နောက်မှ အမေ့ကိုဖုန်းဆက်ပြီး ဘယ်တော့လောက်ပြန်လာမလဲမေးရမယ်။
အခုတလော အိမ်ပြန်ချိန်တွေဟာ ပင်ပန်းနေသယောင်။ အိမ်ပြန်ရောက်ရင် စောင့်ကြိုသူ
မရှိသည်ကို သတိထားမိသည်က တော်တော်လေးကိုပင်ပန်းလှသည်။ ရင်ဖွင့်စရာလူတစ်ယောက်တစ်လေတောင်မရှိတာဟာ ဒီလိုအချိန်မှာ မကောင်းမှန်းသိခဲ့သည်။
VOUS LISEZ
-အကယ်၍- (2)(Completed)
Roman d'amourတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..