If-5(U)

1K 88 0
                                    

တနင်္ဂနွေနေ့ဆိုပေမဲ့ ယမင်းသော် မနက်(၉)နာရီလောက်ထကာ နေ့စဥ်လုပ်ငန်းများကိုလုပ်ဆောင်နေလေရဲ့။ ဒီနေ့လဲမနေ့ကလို ပေါင်မုန့်စားရအုံးမယ်ထင်ပါတယ်။ နှင်းချက်ပေးသွားတဲ့ဟင်းတွေရှိသေးပေမဲ့ မနက်ပိုင်းဆိုထမင်းမစားတတ်တဲ့ ယမင်းသော်အကျင့်ကြောင့် ထိုဟင်းတွေကို ညစာကြမှစားရန်ဆုံးဖြတ်လိုက်သည်။

စားလို့ပြီးချိန်မနက်(၁၀)နာရီခွဲလောက်တွင်တော့ အပြင်ထွက်ရန်ပြင်ဆင်နေလေသည်။ အဖြူရောင် shirt နဲ့အတူ wide leg pant ကိုတွဲဝတ်လိုက်သည်။ ဆံပင်ကိုတော့ ပုံမှန်အတိုင်း ခပ်မြင့်မြင့်သာ စုစည်းလိုက်သည်။

အပြင်ဆိုပေမဲ့ လျှောက်သွားဖို့တော့မဟုတ်။ သူ(မ)ရဲ့သူငယ်ချင်းဖြစ်သူ ဘယ်ရီ ဆိုတဲ့
ဘန်ကောက်ကသူငယ်ချင်းလေးဖွင့်ထားသောကော်ဖီဆိုင်လေးကို သွားရန်ဖြစ်သည်။
ဖွင့်ထားတာက ယမင်းသော်နဲ့ဘယ်ရီဆိုပေမဲ့
ယမင်းသော်ကမပြန်သေးတော့ ဘယ်ရီကဘဲ ဦးစီးကာဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ အစကတည်းက ဖွင့်ရန်စီစဥ်ထားတော့ နှစ်ယောက်အတူဖွင့်ဖြစ်သွားတယ်ပေါ့။ ဖေဖေပြန်ကောင်းပြီး
လုပ်ငန်းတွေပြန်လွှဲယူတဲ့အချိန်ကြရင်တော့
ဒီဆိုင်လေးမှာ လုပ်နိုင်မှာပါ။

ဘယ်ရီဆိုတာ ယမင်း​သော်ဘန်ကောက်တွင် တစ်ဦးတည်းသောရင်းနှီးရတဲ့လူတစ်ယောက်ဖြစ်သည်။ အစကတည်းက စကားအများကြီးပြောရတာကိုမကြိုက်တဲ့ယမင်း​သော်အတွက်တော့ခင်မဲ့သူမရှိပေမဲ့ မြန်မာစကားကိုကောင်းကောင်းပြောတတ်ပြီး ဖော်ရွေတဲ့ဘယ်ရီ နဲ့တော့ခင်ဖြစ်ခဲ့သည်။

ဘယ်ရီက သူ(မ)ထပ် နှစ်လလောက်စောပြီး ရန်ကုန်လာကာကော်ဖီဆိုင်ဖွင်ထားခြင်းဖြစ်သည်။ ရန်ကုန်လာတာကလည်း သူ(မ)ကောင်လေးက
ရန်ကုန်မှာရှိခြင်းကြောင့်ပေါ့။

ဒီနေ့မှာတော့ သူ(မ)ဆိုင်လေးကို ပထမဆုံးသွားမှာဖြစ်တာကြောင့် အကြိုက်ဆုံးပန်းလေးဖြစ်တဲ့ နေကြာပန်းလေး လက်ဆောင်လေးဝယ်သွားရန်ဆုံးဖြတ်ထားသည်။ ဆိုင်ကောင်တာမှာ
ထားလို့ရအောင်ပေါ့။

ပြင်ဆင်ပြီးချိန်တွင် မနက်(၁၂)နာရီထိုးသွားပြီ။  လက်ပ်တော့ကို လွယ်အိတ်လေးထဲထည့်လိုက်ရင်း အောက်ထပ်ဆင်းလာခဲ့သည်။

-အကယ်၍- (2)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin