If-27(U)

529 48 2
                                    

ဒီနေ့တော့ ပိတ်ရက် စနေနေ့ဖြစ်သည်။ ပိတ်ရက်တွေမှာ စောစောထရတာကိုမကြိုက်တဲ့ယမင်းသော်တစ်ယောက် ဒီနေ့တွင်တော့ ထူးဆန်းစွာနဲ့ အခန်းရှင်းမယ်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မနက်(၈)နာရီလောက်မှာ အိပ်ရာထလာသည်။

ဘေးမှာ အိပ်နေတဲ့နှင်းအား မနိုးသွားစေရန်
ကုတင်ပေါ်မှာ ဖြည်းဖြည်းချင်းဆင်းကာ ရေချိုးခန်းထဲဝင်သွားသည်။ အခန်းကိုလင်းသွားစေရန် ပြတင်းပေါက်ကိုလည်းဖွင့်ခဲ့သည်။ တက်တက်ကြွကြွနဲ့သာ သူ(မ)သေချာလုပ်နေသည်။

"အမေ့! နှင်း"

ရေချိုးခန်းမှ ပြန်ထွက်လာချိန်တွင် မြင်လိုက်ရတာကတော့ ကုတင်ပေါ်မှာ ငုတ်တုတ်ကလေးထိုင်နေသော နှင်းသဇင်မင်းကိုပင်။ ဘာမှမလုပ်နေဘဲ ဒီတိုင်းတစ်နေရာထဲကိုသာစိုက်ကြည့်နေတာကြောင့် ယမင်းသော်တစ်ယောက် အနည်းငယ်လန့်သွားသည်။

​ရေချိုးခန်းအပြင် ဘေးဘက်ကတန်းမှာလွှားထားတဲ့ မျက်နှာသုတ်ပုဝါကိုယူကာ.ကုတင်စီသွားလိုက်သည်။ နှင်းပုံစံက မသိရင်သရဲပူးနေသည့်အတိုင်း မျက်လုံးပြူးကြီးနဲ့။ နှင်းကြည့်နေသည့်နေရာကိုပါ သူ(မ)လိုက်ကြည့်မိသည်။

"ရား နှင်းသဇင်မင်း။ အဆင်ပြေရဲ့လား။"

လက်ညှိုး​​ဖြင့်တစ်ချက်ထိုးကာကာ မေးလိုက်သည်ကို ပြန်မဖြေဘဲ ကုတင်ဘေးမှာရပ်နေသော ယမင်းသော်ရဲ့ခါးကို လှမ်းဖက်လိုက်သည်။ ရုတ်တရက် အဖက်ခံလိုက်ရတာကြောင့် ကြောင်သွားသော ယမင်းသော်ပင်။ ဘာဖြစ်လဲမေးပေမဲ့ အခုတော့ဘာဖြစ်မှန်းမသိအဖက်ခံလိုက်ရသည်။

တင်းကျပ်စွာဖက်ထားသော နှင်းရဲ့လက်တွေကို ထိကိုင်လိုက်ကာ ယမင်းသော်ငုံ့ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ။ အိပ်မက်ဆိုးမက်လို့လား။ ချွေးတွေကြီဘဲ။"

သူ(မ)အ​မေးကို ပြန်မ​​ဖြေညဲ ခေါင်းသာကိုမော့ကာ သူ(မ)အား ခေါင်းငြိမ့်ပြသော နှင်းသဇင်မင်းကြောင့် ယမင်းသော်ရယ်လိုက်မိသည်။ အခု အိပ်မက်ဆိုးမက်လို့ ငုတ်တုပ်ထိုင်နေတဲ့နှင်းကို ပထမဆုံးတွေ့ဖူးတာဘဲ။

"အိပ်မက်ဘဲလေ။ ဘာမှမဖြစ်ပါဘူး။"

"နင့် ငါ့ကို ထားသွားတယ်"

-အကယ်၍- (2)(Completed)Where stories live. Discover now