If-10(U)

973 79 0
                                    

ဒီနေ့တော့ပိတ်ရက်,စနေနေ့ ဖြစ်သည်။ အရင်အပတ်ကယမင်းသော်တစ်ယောက် အလုပ်လုပ်ရင်းစဥ်းစားမိခြင်း။ နေ့တိုင်းသာဖွင့်ရင် တော်တော်ပင်ပန်းလောက်တယ်လို့ တွေးမိတော့ စနေနေ့တစ်ရက်ကိုပိတ်လိုက်ရန် ဘယ်ရီနဲ့တိုင်ပင်လိုက်သည်။ သူ(မ)လည်း ပိတ်မဲ့ကိစ္စကိုသဘောတူလိုက်သည်။ ဘာလို့လဲဆို အိမ်မှာနားရလို့လေ။ သော်ကတော့ စဥ်းစားမိ၍ပြောလိုက်ပေမဲ့ မပျော့်တပျော်ပေါ့။

အရင်ကဆို စနေနဲ့တနင်္ဂနွေဆိုရင် နှင်းကဆိုင်မှာအလုပ်လုပ်နေကြဖြစ်သည်။ အခုတော့ တနင်္ဂနွေနေ့တစ်ရက်ဘဲ တွေ့ရတော့မည်ကိုဝမ်းနည်းမိပြီး စနေနေ့ပိတ်တော့ဝန်ထမ်းတွေနားရတာကိုစဥ်းစားမိပြန်တော့လည်း ဝမ်းသာမိပြန်သည်။

အဲ့တော့ ဒီနေ့ညနေလေးမှာ ပျင်းပျင်းလေးနဲ့ဘဲ နစ်ကီလေးနဲ့လမ်းလျှောက်ထွက်ရန် ပြင်ဆင်မိသည်။ ဒီနေ့တော့ နှင်းအိမ်နားကို လမ်းလျှောက်သွားရန် ရွေးချယ်လိုက်သည်။ လမ်းလျှောက်နေရင်းအဝေးကနေ တွေ့လို့တွေ့ငြားပေါ့။

သော့်အိမ်နဲ့နှင်းအိမ်နဲ့က အရမ်းကြီးလည်းမဝေးသလို သိပ်လည်းမနီးပါဘူး။ ပြောစကားအရသာ နီးတယ်ပြောနေမိတာ။ ကြားထဲမှာလမ်းနှစ်လမ်း၊ သုံးလမ်းလောက်ကွာသည်။ လမ်းလျှောက်ရန်ကြာချိန်က နာရီဝက်လောက်ရှိသည်။ ဒါပေမဲ့ ခပ်နှေးနှေးဘဲသွားရန်ဆုံးဖြတ်ထားသည်။ သွားရင်းနဲ့ စာရေးရန်အတွေးများရလို့ရငြားပေါ့။ ကြားထဲမှာ စာမူအသစ်ပေးရန်စာအုပ်တိုက်ကပြောနေခြင်းကြောင့်ပင်။

နာရီဝက်၊ တစ်နာရီအကြာလောက်တွင်တော့ နှင်းအိမ်ရဲ့ မျက်စောင်းထိုးကိုရောက်သွားသည်။ နှင်း အိမ်မှာမရှိဘူးလို့ထင်ရသည်။အိမ်တံခါးတွေကော၊ ပြတင်းပေါက်တွေပါပိတ်ထားသည်။

ဒါပေမဲ့ အိမ်ရှေ့မှာတော့ လူနှစ်​ယောက်လောက်ရှိသည်။ အဝေးကကြည့်ပေမဲ့ ဒီမျက်နှာကိုရင်းရင်းနှီးနှီးမှတ်မိနေသည်။ ဒါ နှင်းအမေဘဲဖြစ်ရမည်။ (၈)တန်းလောက်မှာ ကျောင်းကိုလာလာကြိုနေကျဖြစ်တာကြောင့် ယမင်းသော်မှတ်မိနေခြင်းဖြစ်သ​ည်။ ဒါပေမဲ့နောက်တစ်ယောက်ကိုတော့မတွေ့ဖူးပေ။ ဘယ်သူကြီးလဲ။ ပြီးတော့ အိမ်ထဲမဝင်ဘဲဘာလုပ်နေကြတာလဲ။ ထိူသူက နှင်းအမေဖြစ်သူကို ပြန်ရန်ပြောနေသည်ကို ခပ်သဲ့သဲ့လည်းကြားလိုက်သည်။

-အကယ်၍- (2)(Completed)Where stories live. Discover now