နှင်းသဇင်းမင်း အိမ်လာသွားသည့်နေ့မှစ၍
ယနေ့အထိ မတွေ့ရတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ အားလုံးဟာခရီးတွင်လိုက်ရန်အတွက် ဖြတ်စရာရှိသောအလုပ်များကို လုပ်နေတာကြောင့်ပင်။ ဘယ်ရီကလည်း သူ(မ)အလုပ်ကို တစ်ခြားသူလွဲရင်း ယမင်းသော်ကလည်း စာမူကိစ္စကို ပြန်လုပ်နေပြီဖြစ်သည်။ ကြားထဲမှာလည်း အစ်မဖြစ်သူ၏ ရစ်မှုတွေကိုခံရသေးသည်။
ဟူးး ယမင်းသော် ကံမကောင်းပါလား။
...
ဒီနေ့မနက်တော့ ဘေးအခန်းတွင် ဆူညံလို့နေသည်။ အကြောင်းမှာ လိုတာတွေကိုထည့်မည်ဆိုတာ စောစောစီးစီး လူကိုဒုက္ခပေးနေသော အစ်မပင်။ အခုအချိန်သည် မနက်(၇)နာရီဘဲရှိသေးသည်။ အလုပ်လုပ်ရင်ပျင်းသလောက် အပြင်သွားဖို့ဆို ဝီရီယအရမ်းရှိသော ယမင်းထွန်းပင်။
ခရီးသွားမဲ့အချိန်သည် ညနေဖြစ်သည်။ အဲ့တာကြောင့် အစ်မဖြစ်သူကို အိပ်ပါအုံးလို့်ပြောပေမဲ့လည်း ခေါင်းမာလွန်းသူအစ်မဟာ ယမင်းသော်စကားကို ခေါင်းထဲတောင်မထည့်ပေ။ တကယ်ဆို ညကတည်းက ပြင်မယ်ပြောနေလို့မနည်းတားထားရခြင်းပင်။ စောစောစီးစီးပြင်တာကောင်းပေမဲ့ သူ(မ)ကအရမ့းဆူညံလွန်းသည်။ တစ်ခုခုဆိုလည်း ယမင်းသော်ကိုအမြဲလာမေးနေကြဖြစ်သည်။
အရင်ကတော့ မအိပ်ရရင်သေတော့မဲ့လူအတိုင်းဖြစ်နေပေမဲ့ အခုတော့ worning person လိုပါဘဲ။
ဘေးကနေ ဆူညံဆူညံလုပ်နေတာကြောင့် ယမင်းသော်လည်း မအိပ်နိုင်တော့ဘဲထိုအခန်းသို့သာသွားလိုက်တော့သည်။ မဟုတ်ရင် ပိုဆိုးလိမ့်မည်။
ဒါကြောင့် မှိတ်ထားသောမျက်လုံးကို အတင်းဖွင့်ကာ လမ်းကိုယိုင်နဲ့နဲ့လျှောက်ရင်း အစ်မဖြစ်သူအခန်းဆီရောက်လာသည်။
"ဒေါက် ဒေါက်"
တံခါးခေါက်လိုက်ပေမဲ့ ဖြေသူမဲ့နေသောအခန်းကြောင့် ယမင်းသော်သက်ပြင်းချလိုက်မိသည်။
"ဝင်လာပြီနော်"
ဝင်ဝင်ချင်းတွင် မြင်လိုက်ရသည်ကတော့ ပွစာကျဲနေသော အဝတ်ပုံပင်။ ဗီဒိုဟာလည်း ပွင့်လျက်။ ကုတင်ပေါ်မှာလည်းအများအပြားပင်။
BẠN ĐANG ĐỌC
-အကယ်၍- (2)(Completed)
Lãng mạnတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..
