Chapter 1(Uni&Zawgyi)

3K 276 10
                                    

Unicode

အခန်း(၁) နတ်ဆိုး-၁

"ဒီမှာယွမ်ငါးသောင်း ..... ဉီးလေး တတ်နိုင်တာကတော့ ဒါအကုန်ပဲ"

ကုမောင်သည် လိန်ရှောင်ပေးလာသောဘဏ်ကဒ်ကို တစ်ချက်ကြည့်၍ သူမ၏အေးစက်သည့် အငွေ့အသက် အပြည့်ပါသောမျက်ဝန်းတစ်စုံနှင့် ပင့်ကြည့်လိုက်သည်။

"မလိုပါဘူး...ကျေးဇူးပါ ဉီးလေး"

သူမက manner မရှိစွာဘဲထိုင်နေရင်း သာမန်ကာလျှံ ကာ ပြောလိုက်၏။

လိန်ရှောင်က သူ့နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ထား ပြီး သူ့အသံကတော့ ထူးမခြားပါဘဲ...

"နင်က မလိုအပ်ဘူးဆိုပေမယ့် ကုစစ်အတွက်တော့ လို မှာဘဲ"

ကုမောင်သည် သူမလက်ထဲရှိ သေနတ်အတုကို ကစား နေရင်း

"ကိုယ့်မောင်လေးကို ကိုယ်ကောင်းကောင်း ဂရုစိုက်နိုင် ပါတယ်... ဉီးလေးသာ ကုယင်ကို ကောင်းကောင်း ခေါ်သွား ပြီးစောင့်ရှောက်ပေးပါ"

လိန်ရှောင်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး

"နင်ကဂရုစိုက်နိုင်မယ်? နင်က ဘယ်လိုမျိုးဂရုစိုက်ပေး မှာလဲ...နင့်မှာပိုက်ဆံရှိလို့လား? ဘာလဲ သူ့ကို ငယ်ငယ်လေး နဲ့ အပြင်ထွက်အလုပ်လုပ်ခိုင်းပြီး အထက်တန်းကျောင်းက တောင် ဘွဲ့မရတဲ့နင်နဲ့တူတူ တောင်းစားခိုင်းမလို့လား"

သူတို့မိသားစုအတွက် ရှက်စရာကောင်းလိုက်လေခြင်း!

ကုမောင်သည် သူမရဲ့နှုတ်ခမ်းထောင့်စွန်းများကို တွန့် ကွေးထား၏။ သူမရဲ့မျက်ဝန်းတွေက ကြောက်မက်ဖွယ် အနည်းငယ် မှေးကျဉ်းစွာတွန့်ကွေးသွားခဲ့ပြီး သူမရဲ့အပြုံး များက ရှင်းလင်းမနေခဲ့ချေ။ အထက်စီးဆန်သည့်ဟန်ကို ထုတ်ဖော်ပြသနေကာ "ပိုက်ဆံလား...ကိုယ့်မှာ နည်းနည်း တော့ရှိပါတယ်.. အဲဒါကြောင့် ဒီပိုက်ဆံတွေကို ကုယင် အတွက်ပဲ သိမ်းထားလိုက်ပါ.."

လိန်ရှောင်သည် ရုပ်ရည်မှာ ကြည့်ကောင်းလွန်းလှသူ ဖြစ်သည့်သူ၏တူမဖြစ်သူကို စိုက်ကြည့်နေ၏။ မရွှင်မပြုံး မျက်မှောင်ကုတ်ထားပေမယ့် သူမရဲ့ခန္တာကိုယ်ပေါ်ကိုတော့ သူရဲ့ ကောက်ကျစ်စဉ်းလဲတဲ့အကြည့်က တဝေ့လည်လည်..။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now