Chapter 24 (Uni & Zawgyi )

1K 139 0
                                    

Unicode

အခန်း(၂၄) ဆရာသခင်ကြီးက ကျောင်းတက်ချင်တယ်တဲ့

လုဘွားဘွားက အခန်းထဲ ဝေ့ကြည့်ပြီး

"မင်းရဲ့အစ်ကိုသုံးရော ဘယ်မလဲ"

ဒီလို တိုတောင်းလှသည့် နိုးလာသည့်အချိန်မျိုးမှာ သူမ သူမရဲ့ထိုမသိတတ်သည့်မြေးကို မြင်တွေ့လိုတယ်။

လုရှီဝေးက သူမရဲ့တည်ငြိမ်မှုကို ပြန်လည်မရရှိခင် ခဏ လောက် ကြောင်အသွားပြီးမှ နူးညံညင်သာစွာ ပြောပြ သည်။

"အစ်ကိုသုံးက ဘွားဘွားအခြေအနေ တည်ငြိမ်သွားပြီး နောက်မှ ထွက်သွားခဲ့တာ.. သူက အရမ်းအလုပ်များတဲ့ သူကြီး ဖြစ်နေပြီလေ"

"တော်တော်အလုပ်ရှုပ်နေ!"

လုဘွားဘွားက အကျယ်ကြီး ဆူပူကြိမ်းသည်။

သူမ မနိုးလာခင် သူက ထွက်ပြေးသွားပြန်ပြီ။

" ဒေါသကို ထိန်းပါ .. ဘွားဘွားရယ်"

လုရှီဝေးက စိတ်ရှည်လက်ရှည် ဖျောင်းဖျသည်။

"အပြင်မှာ ဝမ်းကွဲတွေနဲ့ ဉီးလေးဒေါ်လေးတွေ အပြင် မှာ စောင့်နေကြတယ်.. အထဲခေါ်လိုက်ရမလား?"

လုဘွားဘွားက အသက်ကို ပြင်းပြင်းရှူပြီး တည်ငြိမ် အေးဆေးသည့်အသံနှင့်ပြောလာသည်။

"ပြန်ဖို့ ပြောလိုက်..နောက်ပြီး ငါ အိပ်ယာက ထနိုင်မှ ပြန်လာဖို့ ပြောလိုက်.. သမီး ဒီမှာရှိနေတာကိုက ဘွားဘွား အတော် စိတ်သက်သာရာရနေပါပြီ"

"ဟုတ်ကဲ့"

လုဘွားဘွားက သူမကို ခါတိုင်းထက် ပိုကောင်းကောင်း ဆက်ဆံတာကို သတိပြုမိတော့ လုရှီဝေးရဲ့မျက်ဝန်းတွေက တောက်ပသွား၏။

ဒီလိုချိန် ဒီလိုတိုက်ဆိုင်မှုမျိုးက ဒီလုမိသားစုထဲမှာ သူမရဲ့ရပ်တည်မှုကို ပိုပြီး မြင့်သွားစေပေလိမ့်မယ်။

ဆဠမဉီးလေးနဲ့ ထိုမိန်းမတို့က မင်မြို့တော်ကို ပြန်သွား ခဲ့ပြီ။

အစ်ကိုသုံးသာ ဘာမှမပြောသရွေ့ ဒီလုမိသားစုမှာ မည်သူကမှ အဲ့အကြောင်းကို ဖော်ထုတ်လိမ့်မည်မဟုတ်ချေ။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now