Chapter 63 (U&Z)

541 69 0
                                    

Unicode

အခန်း(၆၃)ကုသစရိတ်

"ခင်ဗျားက ကိုယ့်ကို ထမင်းလေးတစ်နှပ်တောင် မကျွေးဘဲ လုမိသားစုအတွက် ကူညီခိုင်းချင်တာလား?"

မိန်းကလေးဖြစ်သူရဲ့အသံက တိုးတိုးလေးပါပဲ။

လုချန်ကျိုးရဲ့နှုတ်ခမ်းပါးတို့ကတော့ မသိမသာအပေါ် ကော့တက်သွားခဲ့ပါ၏။

"ဘယ်လိုလုပ် ကိုယ်က ကြီးထွားဆဲကလေးတစ် ယောက်ကို အငတ်ထားရက်မှာလဲ?"

ကုမောင်က သူ့ကိုကြည့်ပြီး လေးနက်တည်ကြည်စွာ ပြော၏။

"ကိုယ်က ကြီးထွားဆဲဆိုတာတော့ မှန်ပါတယ်.. ဒါပေမယ့် ကိုယ်ကလေးမဟုတ်ဘူး"

လုချန်ကျိုးသည် သူမက အလေးအနက်ကြီးဖြစ်နေ တာကို မြင်ချိန်မှာတော့ သူ မရီဘဲမနေနိုင်တော့။

အိပ်ယာပေါ်ကနေထလာပြီး သူမကိုကြည့်နေရင်း ဖြောင့်စင်းသောခြေအစုံတို့ကို မတ်တပ်ထရပ်သည်။ သူ့ မျက်ဝန်းတွေထဲမှာတော့ အပြုံးတစ်ခုက ချိတ်ဆွဲလျက် ရှိဆဲပင်။

"သွားရအောင်.. ကိုယ် မင်းကို ညစာစားဖို့ ခေါ်သွား ပေးမယ်"

ကုမောင် ခေါင်းငြိမ့်သည်။

သူပြောနိုင်တယ်..သူမ တကယ်ကြီး ဗိုက်ဆာနေတာ ပဲ။

*** *** ***

ကုမောင် အချိန်အတော်ကြာ အစားမစားထားရတာ ကို ထောက်၍ မီးဖိုချောင်က အာဟာရဖြစ်ဆန်ပြုတ်ချိုချို ပျစ်ပျစ်လေးနဲ့ အချိုပွဲတစ်ချို့ကို ပြင်ဆင်ပေးထားခဲ့သည်။

သူတို့စားပြီးသည့်အချိန်၌ အိမ်တော်ဝန်းထဲက လူ တစ်ယောက် ရောက်လာခဲ့ပြီး သခင်မကြီး နိုးလာသည့် အကြောင်း လာရောက်အကြောင်းကြားခဲ့သည်။

သူတို့နှစ်ဉီးသား သခင်မကြီးကိုကြည့်ရှုဖို့ သတင်းပေး သူနဲ့အတူ သွားရောက်ဖြစ်ခဲ့ကြ၏။

လုဘွားဘွား၏အနေအထားသည် အရမ်းကြီး မတည် ငြိမ်သေးပေ။

သူမရဲ့ဇရာကျနေသော မျက်ဝန်းတို့က တုန်ယင်နေ ခဲ့သည်။

ယွိကျုံ့ကျင်သည် အနားတိုးလာပြီး ကုမောင်ရဲ့နား, နား တိုးတိုးလေးကပ်ပြော၏။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now