Unicode
အခန်း(၇၈) အင်တာနက် တစ်နာရီပိတ်ခြင်း
ထိုမိန်းကလေး၏မျက်နှာထက်မှာတော့ မည်သည့် အမူအရာမှရှိမနေ။ သူမ၏အေးစက်စက်မျက်ဝန်းတို့က ဖန်သားပြင်အကြီးကြီးထံ စိုက်ကြည့်နေခဲ့၏။ အဆုံးမရှိ သည့်တွင်းနက်ကြီးအလား သူမရဲ့မျက်ဝန်းတို့က အရာရာ ကို ဖျက်ဆီးပစ်တော့မယ့် ရေခဲရိုက်အရှိန်အဝါတွေကို ခိုလှုံ ခွင့်ပေးထားခဲ့သည်။
ကုမောင် ဘာကိုမှမလုပ်ရသေးခင် လုချန်ကျိုးက ဖုန်းတစ်ကောလ်ဆက်ပြီးနေခဲ့ပြီ။
ထိုအမျိုးသား၏အမူအရာသည် ပုပ်သိုးနေ၏။ သူ့ အသံက အေးစက်ပြီးခြိမ်းခြောက်ဟန် အပြည့်ပါသည်။
"အင်တာနက်ကို တစ်နာရီစာဖျက်ချလိုက်.. တစ်နာရီ အတွင်း ဘယ်သတင်းမှတက်မလာစေနဲ့.. မင်မြို့အထက် တန်းကျောင်းနဲ့ပတ်သတ်တဲ့ ဘယ်သတင်းကိုမဆို ရီပို့ဒ်ထု ဖို့ပြောထားလိုက်"
လုစန်းသည် ခေါင်းရှုပ်သွားသော်လည်း သူ့ခမျာ မနှောင့်နှေးရဲပါလေ။ ဒါကြောင့် ချက်ချင်းပဲ ထိုကိစ္စကို ဆောင်ရွက်ဖို့လုပ်ဆောင်တော့သည်။
ရေခဲအိုင်တစ်အိုင်အလား နက်ရှိုင်းလျက်ရှိသော ကု မောင်ရဲ့မျက်ဝန်းတို့က နောက်ဆုံးတော့ လှုပ်ရှားမှုတစ်ချို့ ကို ပြလာခဲ့သည်။ သူမက လုချန်ကျိုးထံကြည့်ကာ စကား ဆိုသည်။
"ကျေးဇူး"
လုချန်ကျိုးသည် သူမရဲ့လက်ကိုဖြစ်ညစ်ပြီး အသံတိုး တိုးဖြင့်ပြောသည်။
"စိတ်မပူနဲ့.. ကိုယ် သတင်းတွေ ထိန်းပေးပါ့မယ်"
ကုမောင်သည် သူ့ကို သိုဝှက်သောအကြည့်တစ်ချက် နှင့် ကြည့်လိုက်ကာ ဘာမှတော့မပြောခဲ့။
သူမသည် နောက်ထပ်ဘာမေးခွန်းမှမမေးတော့သလို ဘယ်သူပြောတာကိုမှလည်း နားမထောင်တော့ပေ။ ဤ အရာက သူမ သူ့ကို ဘယ်လောက်ယုံကြောင်း ပြနေ၏။ လုရှန့်ကျင်သည် တစ်စုံတစ်ရာကိုပြောတော့မည့်ဆဲဆဲ သူ့ဆဲလ်ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ ဖုကျောင်း အုပ်ပဲ။
ဖုကျောင်းအုပ်မှာ ဒီလိုပြဿနာအကြီးစားကြီးကို ဖြေရှင်းဖို့ ထိုသူ့ကိုရှာရုံမှတပါး ရွေးချယ်စရာမရှိရှာ။
YOU ARE READING
နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်
FantasyBoth Unicode & Zawgyi Credit to Original Author & English Translation ဝတ္ထုအမည်- နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်။ အဓိကဇာတ်ကောင်များ-လုချန်ကျိုး(ML), ကုမောင်(MC) English Rawမှ ဘာသာပြန်ဆိုခြင်းဖြစ်သည်။ Description လုသခင်လေး : "ငါ့ရဲ့ချစ်ဇနီးလေးက...