Chapter 18 (Uni & Zawgyi)

1.2K 171 5
                                    

Unicode

အခန်း(၁၈) အရူးတစ်သိုက်

အိမ်ခန်းထဲကနေ တစ်စုံတစ်ယောက် ထွက်လာတာကို လည်းမြင်ရော လုရှီဝေးက သူတို့ဆီ အလျင်စလို ပြေးသွား သည်။

"ကျောင်မားမား, ဘွားဘွား သတိရလာပြီလား?"

နာနီကျောင်က သက်ပြင်းချကာ သူမရဲ့ခေါင်းကို ခါ၏။ စိုးရိမ်မှုတွေက သူမမျက်နှာပေါ် ထင်းနေတာ

"သခင်မကြီးက ခုထိ သတိမရသေးပါဘူး"

"ကြည့်ရတာတော့ ကျွန်မရဲ့ခန့်မှန်းသုံးသပ်ချက်က မှန် သွားတာပဲ"

လုရှီဝေးက မကြည်စွာပင် လှောင်ပြုံး,ပြုံး၏။

"နင်သာ အဲလောက်တော်နေတယ်ဆိုရင် ဆေးဘက် ဆိုင်ရာအဖွဲ့အစည်းမှာ ဘာကြောင့်များ အဆင့်သတ်မှတ် ခြင်း မခံရတာလဲ?"

သူမမှာ အပေါ်ယံ သာမန်ကာလျှံကာ ဗဟုသုတလေး နည်းနည်းရှိတာနဲ့ အထင်ကရပါရဂူတစ်ယောက်ရဲ့ရှေ့မှာ သူမရဲ့မစို့မပို့ပညာလေးကို ဝင့်ဝါရဲသေးတယ်..။

ရှက်စရာကောင်းလေခြင်းပင်။

ကုမောင်ကတော့ မည်သည်ကိုမှ မပြော။

လုမိသားစု၏ လေးယောက်မြောက်သားက မကျေမနပ် ဖြစ်နေဟန်ပေါ်ကာ ရဲအရာရှိဘက် လှည့်လိုက်ပြီး သူ့ရဲ့ မေးစေ့နဲ့ ကုမောင်ကို ညွှန်ပြသည်။

"သူမကို ဆေးမှတ်တမ်းနဲ့ ကုသမှုဆိုင်ရာ မသမာမှု အတွက် သံသယရှိတယ်... ဆွဲခေါ်သွားတော့"

ကုမောင်ရဲ့လက်တွေက သူမရဲ့အိပ်ထောင်ထဲမှာပဲ ရှိနေ သလို သူမကို စောင့်နေသည့်ရဲအရာရှိကိုလည်း စောင့်ကြည့် အကဲခတ်လို့နေသည်။

သူမရဲ့အကြည့်တွေကတော့ တစက်ကလေးမှ ဂရုမစိုက် ဟု ပြောနေသည်။

သူမက သူမရဲ့လေးလေးတွဲ့တွံ့ပုံရိပ်အတိုင်း ထုံးစံ မပြတ်ချေ။

အရိုင်းဆန်ပြီး အထက်စီးဆန်သည့်ဟန်။

တင်းစီးနေလိုက်ပုံများ။

ရဲအရာရှိက လက်ထိပ်ကို ထုတ်လိုက်၏။

လုရှန့်ကျင်က ကုမောင်ရဲ့ရှေ့မှာ လက်တစ်ဖက်ကို ကာ လိုက်ပြီး စူးရှသည့်အကြည့်တစ်ချက်က ရှိနေသည့်လူတိုင်း ပေါ် ဝေ့ဝဲသွားသည်။ အေးစက်စက်မာန်ပါသည့်အသံ နိမ့်နိမ့် တစ်ခု, သူ ပြောတာက

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now