Chapter 51 to 55(Uni)

1.2K 138 0
                                    

အခန်း(၅၁) သူတို့ကို ကျောင်းထုတ်ရမယ်!

ရှီယန်သည် မျက်မှောင်ကြုတ်ပြီး လော်စုန့်ဟွာထံ အေးစက်စွာကြည့်သည်။

"ကျွန်မရဲ့ကျောင်းသားတွေက ယုတ္တိမရှိ အဓိပ္ပာယ် မရှိ ဘာကြောင့်အထုတ်ခံရမှာလဲ?"

"ဘာကြောင့်လဲ ဟုတ်လား?"

လော်စုန့်ဟွာက နှာမှုတ်ပြီး လျှာစောင်းထက်စွာ ပြော သည်။

"ဘာကြောင့်ဆို သူတို့က ခိုးချလို့လေ! သူတို့ကို ကျောင်းထုတ်ရုံသာမက မင်း, သူတို့ရဲ့အတန်းပိုင်ဆရာမ ဖြစ်တဲ့မင်းကိုပါ ချန်မထားသင့်ဘူး! ဘာကြောင့်များ ဆရာမတစ်ယောက်ဖြစ်တဲ့ မင်းက မင်းရဲ့ကျောင်းသား တွေကို ခိုးချဖို့ကူညီရတာလဲလို့ ငါမေးချင်တယ်"

ဒေါသမီးတွေက ရှီယန်ရဲ့ရင်ထဲ ဝုန်းခနဲ တောက် လောင်သွားသည်။ အေးစက်စက်လေသံဖြင့် သူမက ပြောသည်။

"ရှင် ဘာကိုဆိုလိုတာလဲ, မစ်လော်? ကျွန်မက မုန့်ကျင်ယန်နဲ့ ရှန်ဟွမ်ဆီ မေးခွန်းတွေကို ခိုးထုတ်ပေး တယ်လို့ ရှင်ကပြောချင်တာလား?"

"အခြားဖြေရှင်းချက် ဘာများရှိသေးလို့တုန်း? ပြီးခဲ့တဲ့ လပတ်စာမေးပွဲမှာ ရှန်ဟွမ်က အဆင့် ၃၀၀မှာ ရှိခဲ့တာ လေ.. မစ်ရှီကသာ ငါးရက်အတွင်းမှာ သူမရဲ့ကျောင်းသား တွေကို တတိယနှစ်တစ်နှစ်လုံးရဲ့ အောက်ခြေကနေ ၁၅၇ နေရာကို မြှင့်ပေးနိုင်ခဲ့တာဆိုရင် မစ်ရှီရဲ့ သင်ကြားရေး နည်းလမ်းတွေက အရမ်းထူးကဲနေလို့ပဲဖြစ်မှာပေါ့"

လော်စုန့်ဟွာက ရက်ရက်စက်စက် ပြော၏။

"သူမသာ ခိုးမချခဲ့ရင် ဒါကိုရဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင် ဘူး"

"မစ်ရှီ, ဒီအလောင်းအစားပြိုင်ပွဲတစ်ခုက မစ်လော်နဲ့ ကျောင်းသားတွေကြားက ဟာသတစ်ခုလေးပါ...... ကြီးမားလှတဲ့ပန်းတိုင်ကတော့ သူတို့လေးတွေကို စာလုပ် ဖို့တွန်းအားပေးခြင်းသဘောပါပဲ.. ဒါ့ကြောင် အနိုင်ရဖို့ အတွက်နဲ့ ရှင် ဒီလိုပုန်းလျိုးကွယ်လျိုးနည်းလမ်းမျိုး အသုံးပြုဖို့ မလိုအပ်ပါဘူး"

"ဟုတ်တယ် မစ်ရှီ.. ကျွန်မတို့ ဒီကိစ္စအပေါ် ရှင်ရဲ့ ပါဝင်စွက်ဖက်မှုကို မစုံစမ်းတော့ဘဲ နေလို့ရတယ်ဆိုပေ မယ့် ဒီကျောင်းသားတွေကတော့ ကျောင်းထုတ်ပစ်ရ မယ်"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now