Chapter 36 to 40 (Uni)

1.1K 137 8
                                    

အခန်း(၃၆) သူမရဲ့ကံဆိုးခြင်းမှ အမြတ်ထုတ်

လင်းကျိုးက သူမရဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထား ပြီး

"သူ့နဲ့ ခုံဘေးချင်းကပ်လျက်က ဘယ်သူလဲဆိုတာ သိ လား?"

လုရှန့်ကျင်သည် လင်းကျိုးရဲ့မျက်နှာအခြေအနေက လုံးဝ ပြင်းထန်နေသည်ကိုကြည့်ကာ စက္ကန့်အနည်းငယ် လောက် ချင့်ချိန်ကြည့်၏။

"မင်း ဒီလောက်တောင် စိတ်ဆိုးနေပုံထောက်ရင် ကုမောင်မလား?"

"ဟုတ်တယ်"

လင်းကျိုးက ဒီအကြောင်းအရာအပေါ် ဒေါသူပုန်ထနေ ခဲ့သည်။

"ရှင်နဲ့ကုမောင်ရဲ့ကြားက ဆက်ဆံရေးကို အထင်လွှဲမိ တာက ကျွန်မအမှားပါ.. ရှင်ကုမောင်ကို မင်မြို့အထက်တန်း ကျောင်းဝင်နိုင်ဖို့ စီစဉ်ပေးခဲ့တာအတွက်လည်း ကန့်ကွက် စရာလည်း မရှိဘူး... ဒါပေမယ့် ဒါက ကျွန်မရဲ့နောက်ဆုံး မျဉ်းပဲ... ကျွန်မကတော့ သူမက လုယောင်ကို လမ်းကြောင်း လွဲသွားအောင် လုပ်ခွင့်ပြုမှာမဟုတ်ဘူး"

လုရှန့်ကျင် အော်ရယ်လိုက်သည်။

"ဒါက လုယောင်လေ... လမ်းကြောင်းလွဲအောင် ဉီးဆောင်ပေးဖို့ လိုသေးလို့လား?"

သူ့သားကို အထင်သေးနှိမ့်ချဖို့က သူ့ရဲ့ရည်ရွယ်ချက် မဟုတ်ချေ။ သူ့သားက သူ့ကိုယ်သူ သောက်ခြင်း, စားခြင်နဲ့ အပျော်အပါးတို့အပေါ် သာယာမှုတွေနှင့် ဖျက်ဆီးနေခဲ့တာ။ အလုပ်မှာပဲ အလုပ်များလွန်းနေခဲ့ပြီး သူ့ရဲ့သားလေးကို စည်းကမ်းကြပ်မတ်ပေးဖို့ ကျရှုံးခဲ့တဲ့ သူ့ကိုယ်သူသာ အပြစ် တင်ရမည်သာ။

လင်းကျိုးသည် ပိုအေးစက်ခက်ထန်လာကာ

"ရှင်ဘာကို ဆိုလိုချင်တာလဲ? တကယ်ပဲ အပြင်လူ ဘက်ကနေ ပါတော့မလို့လား? ကုမောင်က အတိတ်မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျွန်မ မသိဘူးလို့တော့ တွေး မနေနဲ့... ရန်ဖြစ်တယ်, ပြဿနာလိုက်ရှာတယ်, နောက်ပြီး ကျောင်းပြေးတယ်.. သူမလုပ်ခဲ့တာ နည်းများနည်းနေ သလား?"

လုရှန့်ကျင် မျက်ခုံးတွေကို တွန့်ချိုးမိ၏။

"ကုမောင်က မင်းသူမကို ပြောနေသလောက်ကြီး ဆိုးဝါးမနေပါဘူးကွာ"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now