Chapter 80 (U&Z)

800 71 11
                                    

Unicode

အခန်း(၈၀) ကျွန်မ သူတို့လိုချင်တဲ့အဖြေကို ပေးမယ်

လုရှန့်ကျင်သည် ယဲ့ယဲ့ပြုံးကာ အေးစက်စွာ ပြောလာ ခဲ့သည်။

"ဌာနခေါင်းဆောင်ဝေ့,ခင်ဗျားထုတ်ပယ်စေချင်တယ် လို့ပြောလိုက်တာ ဘယ်သူ့ကို? ဘယ်သူ့ကို အထူးသင် ကြားရေးကျောင်းကို ပို့ရမှာလဲ?"

ဝေ့ထောင်သည် မင်မြို့၏ပညာရေးမှူးဖြစ်သည်။ သူ့ သားသည် မင်မြို့အထက်တန်းကျောင်းမှာ တက်နေပြီး ဇနီးဖြစ်သူက ကျောင်းပေါ်ကို ဖိအားတွေပေးလေ့ရှိသည်။ မင်မြို့အထက်တန်းကျောင်းဟာ ကျောင်းသားကောင်း တွေ အများအပြားကို မွေးထုတ်ပေးခဲ့သော အထက်တန်း ကျောင်းတစ်ခုဖြစ်သည်။ နှစ်စဉ် နိုင်ငံရဲ့ထိပ်သီးကျောင်း တွေဆီ ဝင်ခွင့်ရကြသည်။ မင်မြို့အထက်တန်းကျောင်း၏ ဂုဏ်သတင်းသည် လူတစ်ယောက်၏လက်ထဲမှာ ပျက်ဆီး ခံလို့မဖြစ်။

စိတ်ဒေါသကြောင့် အမောတကော ဒီကိုပြေးလာခဲ့ သည်။ အခန်းထဲမှာ လူတွေအများကြီးရှိနေသလို ကျောင်း ဝတ်စုံဝတ်ထားသော မိန်းကလေးနှစ်ဉီးလည်းရှိဝေ့ထောင်ရဲ့ခြေထောက်တွေနေ၏။ သူ့ နှလံးသားက စီးချက်မမှန်ချင်တော့။ စိုးရိမ်ထိတ်လန့်ဖွယ် အတွေးတစ်ခုက သူ့ဆီဝင်လာခဲ့သည်။ သူနေရာအများကို များ လာခဲ့မိလေသလား....

သူ့ခြေထောက်တွေ တုန်နေပြီ

"ဘော့စ်လု, ဒီကကျောင်းသားတစ်ယောက်က အချို့ သောစိတ်ကြွလွယ်သောအခြေအနေတွေ ရှိပြီး အထူး သင်ကြားရေးကို လိုအပ်တယ်လို့ကြားလို့ ကျွန်တော် တစ်ချက်လောက် လာကြည့်တာပါ"

လုရှန့်ကျင်သည် လက်ရှိကိစ္စနှင့်ရှုပ်နေရာ ထိုသူရဲ့ ပေါက်ပန်းလေးဆယ်တွေနှင့် စိတ်ညစ်မခံနိုင်တော့ပေ။

"မင်းရဲ့လူတွေကို ခေါ်ထုတ်သွား"

ဝေ့ထောင်သည် မင်မြို့တော်ဝန်ကို အာမခံရဲတာ ကြောင့် အတုန်တုန်အလှုပ်လှုပ်နှင့် ခေါင်းညိတ်ပြကာ ပြန်လှည့်ပြီး ထွက်ခွာသွားခဲ့သည်။

ရှက်စရာကောင်းလိုက်လေးခြင်း! ဒီလိုကျောင်းသူမျိုး က မင်မြို့အထက်တန်းကျောင်းကို ဝင်နိုင်တာ မအံ့ဩ တော့ပါဘူး။ တကယ်တော့ သူမမှာ ကျောထောက်နောက် ခံ ဘော့စ်လုကြီးရှိနေတာကိုး။

You've reached the end of published parts.

⏰ Last updated: Nov 29, 2023 ⏰

Add this story to your Library to get notified about new parts!

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now