Chapter 10 (Uni&Zawgyi )

1.2K 166 5
                                    

Unicode

အခန်း(၁၀)မောင်နှမဆိုတာ ပေါ်လာခြင်း

ဟဲ့ရီးတုသည် စတီယာတိုင်ပေါ် သူ့လက်တွေကို ကြုံရာ ကျပန်းတင်ထားပြီး ပြုံးလိုက်ကာ

"မနေ့က သူမသူငယ်ချင်းက မီလီယမ်သောင်းနဲ့ချီ ဈေး ပြိုင်တယ်.. သူမကလည်း ထျန်းချွဲ့လိုနေရာမျိုးနဲ့ အကျွမ်း တဝင် ရှိနေခဲ့တယ်... ဒီနေ့မှာတော့ ယွမ် ၂၀ တန် အဝတ် အစားကိုဝယ်ရသည်အထိ ဘာကြောင့်များ ဆင်းရဲသွားရတာ လဲ ...ပြီးတော့ အဲလောက်ပိုက်ဆံနဲ့ဝတ်လို့ရတဲ့ အဝတ်အစား ရော ရနိုင်လို့လား"

ယွမ် ၂၀ ဆိုတာက သူတို့အတွက် သောက်ရေ တစ်ဘူး တောင် မရနိုင်ပေ။

လုချန်ကျိုးက မေးကိုထောက်၍ ဖီးနစ်မျက်လုံးကို နည်း နည်းလေး မြှင့်လိုက်ပုံမှာ တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ကို ဆုပ်ယူတော့မည်အလား... သူ့အပြုံးမှာ သေဆုံးသွားရတော့ မည်နှယ်...။

သူ သာမန်ကာလျှံကာလေသံနဲ့ ပြောလိုက်တာက

"လှတယ်"

ချင်ဖန့်နှင့် ဟဲ့ရီးတုတို့နှစ်ယောက်က သဘောတူသည့် အနေဖြင့် ခေါင်းညိမ့်ပြကြ၏။ သူတို့နှစ်ယောက်သည် တစ် ယောက်နဲ့တစ်ယောက် မျက်လုံးချင်း စုံလိုက်မိသောအခါ သူတို့မျက်လုံးထဲမှာ ညစ်လိုသော အရိပ်လေးတစ်ချက် လက် သွားခဲ့ကြ၏။

ကြည့်ရတာ ချန်ကောတော့ နည်းနည်းလေးလှုပ်လာခဲ့ ပြီ။

"သူမက ကလေးအမေဖြစ်နေခဲ့တာက နှမျောစရာပဲ"

ချင်ဖန့်သည် နောင်တရဟန်နှင့် ပြောသည်။

မီးစိမ်းသွားတော့ ဟဲ့ရီးတုက လီဗာကိုနင်းခဲ့တော့သည်။

*** *** ***

ကုစစ်သည် ကုမောင်ဝတ်တဲ့ စတိုင်လိုမျိုး အဝတ်တွေ ကိုပဲ ကောက်ယူနေခဲ့သည်။ အနက်ရောင် မဟုတ်ရင် အဖြူ ရောင်။

ဆိုင်ထဲက အဖြူအမည်းအဝတ်တွေ အားလုံးယူပြီး နောက် ငွေသွားရှင်းကြသည်။ ယွမ် ၂ ထောင်ဖိုးလောက် ဝယ် လိုက်ကြတော့ ဆိုင်ရှင်အမျိုးသမီးကြီးက ပြုံးရွှင်သွားကာ သူတို့ကို ဆိုင်တံခါးပေါက်ထိ လိုက်ပို့ပေးလေသည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now