Chapter 31 to 35(Uni)

1.1K 131 10
                                    

Unicode

အခန်း(၃၁) သုညရအောင် ဘယ်လိုဖြေသလဲ?

နူးညံ့ပြီးဖြေးညှင်းသော်ငြား ဆန်းပြားပြီး ထိုးဖောက် နိုင်စွမ်းသည့် အသံလေးတစ်သံက လူတိုင်းရဲ့နားထဲသို့ စီးဝင်သွားခဲ့သည်။

တစ်စက္ကန့်မျှ တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့၏။ အကြည့် တွေအကုန်လုံးက ကုမောင်ထံ ကျရောက်လာခဲ့သည်။

ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖိအားပါးပါး တစ်ခုက စွဲထင်နေကာ သူမရဲ့မျက်ဝန်းတွေက ကြောက် ဖွယ်လိလိ နီရဲနေခဲ့ပြီး ရေခဲအလား ခက်ထန်ကြမ်းကြုတ်မှု တစ်ချို့လည်း ပါဝင်နေသည်။ လူတိုင်းရဲ့ကျောဘက်ကို အေးခဲလှသည့် ရေခဲစီးကြောင်းတစ်ခု ပို့လွှတ်လိုက်သည် အလား။

နှုတ်ခမ်းတွေက တဖြည်းဖြည်းနဲ့ တွန့်ကွေးသွားကာ

"ဒီကို လာခဲ့, ကျင်ယန်"

မုန့်ကျင်ယန်ရဲ့မျက်နှာပေါ်မှာ တစ်ခဏလောက် ဗလာ ဖြစ်သွားခဲ့သည်။ သူမက "အိုး"လို့တစ်ခွန်းသာ ထုတ်လိုက် ပြီး နာခံစွာနဲ့ ကုမောင်ဆီ လျှောက်သွားပေ၏။

ကုမောင်က ဂရုမစိုက်စွာဖြင့် သူမရဲ့အနက်ရောင် ဆံနွယ်အရှည်ကြီးကို စီးလိုက်တော့ သူမရဲ့လှပသည့် အသွင်အပြင်က အငြိုးကြီးကြီး ထွက်ပေါ်လာပြီး နှုတ်ခမ်း တစ်စုံက ရက်စက်သည့်အပြုံးအသွင် တွန့်ကွေးသွားခဲ့၏။

"ကျောင်းအုပ်ကြီး.. ကျင်ယန်နဲ့ကိုယ် တန်းခွဲ(၂၀)မှာ တူတူတက်မယ်"

သူမက အေးဆေးစွာ ပြောသည်။

ထိုစကားကို ကြားလိုက်စဉ် လော်စုန့်ဟွာရဲ့မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားပြီး သူမက အေးတိအေးစက် ပြောလာသည်။

"ဒါက ဘာသဘောလဲ? မင်းက ငါကို အရူးလုပ်ချင်တာ လား?"

သူမက အလျော့ပေးပြီး မုန့်ကျင်ယန်ကို လက်ခံပေးခဲ့ တဲ့အတွက် သူတို့ကတောင် ကျေးဇူးတင်နေသင့်သေးတာ။

ရွေးချယ်ဖို့အခွင့်အရေးက သူမမှာပဲ ရှိတာ! သူတို့က သူမကို ဆရာလုပ်ခွင့်ရှိတဲ့ အဆင့်အတန်းမျိုး မဟုတ်ဘူး။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now