Chapter 17 (Uni & Zawgyi)

1.1K 164 6
                                    

Unicode

အခန်း(၁၇)အဓိပ္ပာယ်မရှိလိုက်တာ

ကုမောင်က အချိန်နည်းနည်းလောက် ထိန်းထားရင်း အပ်တွေကို ဂရုတစိုက် လမ်းကြောင်းပေးသည်။

ထို့နောက် တစ်ချောင်းပြီးတစ်ချောင်း, ကုမောင်က အဓိ က ချီလမ်းကြောင်း ၁၂ ခုကိုဖြတ်၍ သွေးစီးဆင်းဖို့ရာ အပ် ၁၂ ချောင်းအား အသုံးပြုခဲ့သည်။

ကုမောင် သွေးထုတ်နေတာကိုမြင်တော့ လုရှီဝေး၏ မျက်နှာက မည်းမှောင်သွားကာ တဟုန်ထိုး ရှေ့ကိုပြေးထွက် လာ၏။

"နင် ဘာတွေလုပ်နေတာလဲ?"

လုချန်ကျိုးသည် သူမဘက် မျက်နှာလှည့်လာပြီး အေး စက်စူးရှသည့်အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

တစ်မဟုတ်ချင်းပင် လုရှီဝေးခမျာ နေရာမှာတင် ရပ်တန့် သွားရှာသည်။

သူမရဲ့နှုတ်ခမ်းများကို ဖိကိုက်ထားရင်း စိတ်ဆိုးမာန်ဆိုး ဖြင့် ကန့်ကွက်စကားဆို၏။

"အစ်ကိုသုံး, ဘွားဘွားမှာ လေဖြတ်ရောဂါရှိတယ်.. သူမ က ဘွားဘွားရဲ့ခြေလက်တွေကို သွေးတွေထုတ်နေတယ် လေ.. အဲဒါ ဘာအသုံးဝင်မှာမလို့လဲ?"

"ဘယ်အချိန်ကများ မင်းမျက်လုံးထဲမှာ ငါက စိတ်ရှည် တတ်တဲ့လူလို့ မြင်သွားခဲ့တာလဲ?"

လုချန်ကျိုးသည် ညင်သာစွာ စကားတစ်လုံးချင်း ဆိုလေ သည်။ နှုတ်ခမ်းများက ခက်ထန်ကြမ်းကြုတ်သော မာန်ဝင့် သည့်အသွင်မျိုး ကွေးညွှတ်သွားခဲ့ရင်းပေါ့...။

အခန်းထဲရှိလေထုသည် ဒီဂရီအများကြီး ထိုးကျသွားခဲ့ ၏။

လုရှီဝေးသည် လုချန်ကျိုး၏မည်းနက်နေသော မျက်ဝန်း တစ်စုံနှင့် ဆုံမိသွားသည်။ မွှေးညှင်းပေါက်တွေပင် ကျယ်လာ ပြီး အသက်ရှုမှုကိုပင် မဖမ်းနိုင်လောက်အောင် ဖြစ်သွားခဲ့၏။

သူမ၏မျက်နှာသည် ဖြူတစ်လှည့်ပြာတစ်လှည့်ဖြစ်နေ ခဲ့ကာ ဉီးရေပြာတွေတောင် ကျဉ်လာသလိုပင်။ သို့သော် သူမကတော့ မာန်တင်း၍ ထပ်ပြောရှာသည်။

"အစ်ကိုသုံး, အစ်ကိုက ဘွားဘွားရဲ့အသက်ကို အလောင်းအစားလုပ်နေတာပဲ.. ဒီရမ်းကုကို ကျွန်မတို့အိမ်ထဲ မှာ ဆိုးဆိုးရွားရွားပြုမူနေဖို့ ကျွန်မကတော့ ခွင့်မပြုနိုင်ဘူး"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now