Chapter 79 (U&Z)

314 41 0
                                    

Unicode

အခန်း(၇၉) သူမကို မမျှမတဆက်ဆံခွင့်မပေးနိုင်ဘူး

ကျောင်းအုပ်ရုံးခန်းထဲမှာတော့...

အထဲမှာထိုင်နေကြသောလူတွေနှင့် ပြည့်နေခဲ့၏။

"ဆရာလု, ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဗျ?"

ဖုကျောင်းအုပ်သည် နဖူးပြင်ထက်မှချွေးတို့ကို သုတ် ရင်း

"ဆရာ,ဆရာတွေ အတော်များများက ကျွန်တော်ကို လာပြောနေကြတယ်... ကုမောင်ကိုသာ ကျောင်းမထုတ် ရင် မိဘတွေက သူတို့ရဲ့ကလေးတွေကို ကျောင်းပြောင်း ပစ်ကြလိမ့်မယ်တဲ့ဗျ"

ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပြီ။ ဒါ ကျောင်းသားမိဘ အနည်းအကျဉ်းသာ မဟုတ်ချေ။ တတိယနှစ်တစ်အုပ်စု လုံးရဲ့မိဘတွေ အကုန်လုံးကဖြစ်၏။ လူပေါင်း နှစ်ထောင် ကျော်သည်ဖြစ်ရာ သူတို့ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိ တော့။ တိုင်ကြားချက်တွေအကုန်လုံးကို သူတို့ ဘယ်လို လုပ်ရပ်တန့်နိုင်တော့မလဲ?

လုရှန့်ကျင်သည်လည်း ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိတော့ချေ။ အချိန်အကြာကြီး တွေးနေသော်ငြားလည်း ဘာအဖြေမှမထွက်လာခဲ့။ ဤဟာသည် ကုမောင်ပေါ် ကြိုတင်ကြံရွယ်ထားသော တိုက်ခိုက်မှုဖြစ်၏။ တတိယ နှစ်စုံညီစည်းဝေးမှာ လုပ်ချလိုက်တာက အတော်လေး ရက်စက်လှပေသည်။

လုချန်ကျိုးသည် သူ၏ခြေတံရှည်တွေကို ချိတ်ထိုင် ထားရင်း လက်တင်ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ ထိုသူ၏အနက်ရောင်ရှပ်အင်္ကျီက အေးစက်စက်ခံစားမှုကို ပေးစွမ်းနေကာ ထိုသူ၏မျက်နှာမှာ တင်းမာနေခဲ့သည်။

ထိုစကားကိုကြားစဉ် သူက ခပ်ဟဟရယ်ပြီး အသံ တိုးတိုးဖြင့်ပြောသည်။

"သူတို့ပြောင်းချင်သပဆိုလည်း ပြောင်းခိုင်းလိုက်.... ကုမောင်က ဘာအမှားမှမလုပ်ထားဘူး.. သူတို့က ဆူပူ လှုပ်ရှားမှုဖြစ်အောင်စုဝေးနေကြတာ.. သူတို့ရဲ့အပြုအမူ တွေကို Recordယူထားပြီးကျောင်းထုတ်လိုက်..ဖုကျောင်း အုပ်အတွက် သိပ်ခက်ခဲမယ်လို့တော့ ကျွန်တော် မထင်ပါ ဘူး"

လုရှန့်ကျင်:"......."

လုချန်ကျိုး၏အပြုံးကို မြင်လိုက်ရချိန်မှာတော့ သူ့မှာ တဆတ်ဆတ်တုန်နေတော့သည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now