Chapter 77 (U&Z)

313 40 0
                                    

Unicode

အပိုင်း(၇၇) ထွက်ပေါ်လာ

ကျောင်းစုံညီအဝန်းအဝိုင်းကြီးရှေ့ ဖန်သားပြင်ထက် မှာ ငါးနှစ်အရွယ်ကလေးမလေးတစ်ဉီး၏ပုံတစ်ပုံကို ပြသ လာခဲ့၏။

ကလေးမလေးသည် ကုလားထိုင်ပေါ်မှာ ထိုင်နေကာ အလွန်သေးကွေးလှ၏။ ကလေးမလေးရဲ့ကလေးဆန်ဆန် မျက်နှာလေးသည် ရှော့ရဖွယ်ပင်။ သူမရဲ့မျက်လုံးတို့က နီရဲနေပြီး မျက်နှာပြင်ထက်မှာ သွေးစွန်းကွက်တစ်ခု ရှိနေ ၏။ သူတို့၏ရှေ့မှသွေးစွန်းမြင်ကွင်းသည် ငရဲမှလာခဲ့သည် အလားပင်။

ကလေးမလေး၏မျက်ဝန်းတွေသည် ရေခဲအမှုန့်တွေ နှင့်ဖုံးလွှမ်းထားနေသလိုလို။ ကလေးမလေးက သူမရှေ့မှာ မတ်တပ်ရပ်နေသော ယူနီဖောင်းဝတ်အမျိုးသမီးငယ် နှစ်ဉီးထံအေးစက်စွာစိုက်ကြည့်နေခဲ့သည်။ ကလေးမလေး သည် ပြုပြင်ပြောင်းလဲရေး နာကြားနေရပုံတူသည်။ အကြီးဖြစ်သူတွေက ပုံရဲ့တစ်ဖက်ခြမ်းမှာ နေနေကြသည်။

"သွက်ချာပါဒ လိုက်သည်အထိ ဖြစ်စေသော သွေး ထွက်သံယို ကိုယ်ထိလက်ရောက်ကျိူးလွန်မှု.. ပြင်းထန် ကြပ်မတ်သော ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များ ကို ခံယူရမည်"

ပြုပြင်ပြောင်းလဲရေးသင်တန်းကို တက်ရောက်ရမည့်

သူ: ကုမောင်

အသက် : ငါးနှစ်

စက္ကန့်အနည်းငယ်အတွင်းမှာ နောက်ထပ်ပုံတစ်ပုံ ပေါ်လာခဲ့သည်။ အသက် ၆ နှစ်အရွယ်မှာ အတန်းဖော် တစ်ဉီးနှင့် ရန်ဖြစ်ပြီးနောက် ကုမောင်ကျောင်းထုတ်ခံ သော ဖြစ်စဉ်အကြောင်းပဲဖြစ်သည်။

ဒေသခံကလေးသူငယ်များအဖွဲ့အစည်းမှ စိတ်ပညာ ရှင်တစ်ဉီးက ကုမောင်ကို သူမရဲ့အိမ်မှာ သွားတွေ့ခဲ့သည်။ ကုမောင်ကတော့ စိတ်ပညာရှင်ဖြစ်သူကို စဉ်းလဲသော အပြုံးတစ်ချက်ကိုသာ ပေးပြီးနောင်တရဟန် မပြ၊

*** *** ***

အစည်းအဝေးခန်းမထဲမှာ အကုန်လုံး ရုတ်ရုတ်သဲသဲ ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြတော့၏။

ဌာနအကြီးအကဲ၏လက်ထောက်က အသည်းအသန် အော်ဟစ်နေသည်။

"မြန်မြန်..ပုံတွေကို ဖျက်ပစ်ကြစမ်း!မြန်မြန်လုပ်ကြ!"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now