Chapter 9 (Uni&Zawgyi )

1.2K 167 6
                                    

Unicode

အခန်း(၉) ဟိုသားအမိနှစ်ယောက်

လင်ကျိုးက မလှုပ်တလှုပ်ပြော၏။

"အဲဒါကို သမီးအဖေရှေ့ မပြောမိစေနဲ့ဉီး.. ပြီးတော့ သမီး နဲ့လုယောင်လည်း အဲ့မောင်နှမနှစ်ယောက်နဲ့ ဝေးဝေးနေ နော်"

ညဘက်ကြီး အပြင်ထွက်သွားပြီး ညသန်းခေါင်အချိန် မတော်မှပြန်လာတယ်။ ဘယ်တွေသဝေထိုးနေသလဲဘယ်သူ သိမတုန်း!

လုရိက တတိယထပ်ကို အေးတိအေးစက် စိုက်ကြည့်၍

"သိပါပြီ"

*** *** ***

နောက်တစ်နေ့.....

ကုမောင်နဲ့ကုစစ်တို့ မနက်စာစားဖို့ အောက်ဆင်းလာခဲ့ ကြ၏။ စိတ်အခြေအနေကတော့ သိပ်မကောင်းချေ။ အကြောင်းရင်းမှာ လုမိသားစုရဲ့အလုပ်သမားများက မနက် အစောကြီးကို အစာစားဖို့လာခေါ်လို့ပင်။ အဲ့နောက်ကတည်း က ကုမောင်ရဲ့အမူအရာက တဖြည်းဖြည်း မှောင်မဲလာခဲ့ခြင်း ဖြစ်သည်။ မျက်ဝန်းတွေကလည်း အေးစက်ပြီး နီရဲလို့။

လုယောင်သည် မျက်နှာချင်းဆိုင်မှာ တစ်ယောက် ယောက် ဝင်ထိုင်လိုက်‌သောကြောင့် မရည်ရွယ်ပါပဲနှင့် မသိ စိတ်ကြောင့် မော့ကြည့်ခဲ့မိသည်။ ထိုခဏ သူ့မျက်ဝန်းတွေ ရပ်တန့်သွား၏။

ထိုမိန်းကလေးက သူမရဲ့ခေါင်းကို ငုံထားသည့်အတွက် ထူထဲကော့စင်းနေသော မျက်တောင်ရှည်များက မျက်ဝန်း တွေကိုဖုံးအုပ်ထား၏။ သူမရဲ့အသားအရည်မှာသိပ်မကောင်း လှပေ။ နည်းနည်းဖျော့တော့လို့နေသည်။ သို့သော် သူမရဲ့ လှပပြီး ညို့ယူဖမ်းစားနိုင်သော အသွင်အပြင်ကိုတော့ မထိ ခိုက်စေဘူး။

မင်မြို့တော်ရဲ့အထက်တန်းကျောင်းမှာ ကြည့်ကောင်း တဲ့သူဆိုတာ အနည်းအကျဉ်းသာ ရှိသည်မဟုတ်။ သရုပ် ဆောင်သင်တန်းမှာ နာမည်ကြီးကြတဲ့တစ်ချို့ ကလေး သရုပ် ဆောင်ကြယ်ပွင့်လေးတွေတောင်ရှိ၏။ သို့သော် သူ့ရှေ့မှာ ရှိနေတဲ့မိန်းကလေးလောက်တော့ ဘယ်သူမှမလှပေ။

သာမန်ပုံစံနဲ့ မပြင်မဆင် ဝတ်စားထားတာတောင်မှ တုနှိုင်းမမှီ လှပနေဆဲပဲ..။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now