Chapter 41 to 45(Uni)

1K 117 6
                                    

အခန်း(၄၁) အလောင်းအစားတစ်ခု

ကုမောင်ရဲ့လက်တွေက အိပ်ထောင်ထဲမှာ ထည့်ထား ရင်းပဲ အခန်းထဲသို့ဝင်လာခဲ့သည်။

သူမရဲ့မျက်နှာက ခံစားချက်မဲ့နေကာ မျက်ဝန်းတွေထဲ မှာတော့ ထူထူသိပ်သိပ် အေးစက်စက် မြူခိုးတစ်ချို့ ရစ်ဝိုင်း နေသည်။

ကုမောင်ကလည်း စိတ်ကြီးတယ်ဆိုတာကို မုန့်ကျင် ယန် သိသည်။ ချူးယောင်လိုပင် သူမလည်း သူမလေးက တစ်စုံတစ်ရာကို ဖျက်ဆီးပစ်လိုက်မှာ စိုးရွံသည့်အတွက် ကုမောင်ရဲ့နောက်မှ လိုက်လာခဲ့သည်။

လုယောင် သူမဘက်ကိုလှည့်လာခဲ့ပြီး သူမ ခံရသည့် မတရားမှုအတွက် မခံမရပ်နိုင်ဖြစ်ကာ ဒေါသတွေ အပြည့် နှင့်ပင်။

"ကုမောင်, သူမက မင်းအကြောင်း ကောလဟာလတွေ ဖြန့်တဲ့သူပဲ.. သူ မင်းကိုတောင်းပန်အောင် ငါလုပ်ပေးမယ်"

"သူမက စာမေးပွဲတွေမှာ သုညရတဲ့သူ မဟုတ်လို့လား? အရင်ကျောင်းဟောင်းက တွန်းအားပေးထုတ်ခံလိုက်ရတာ ရော မဟုတ်လို့လား?"

လော်စုန့်ဟွာက ရှီယန် အလောတကြီးဝင်လာတာကို မြင်တော့ သရော်ပြော,ပြောသည်။

"မစ်ရှီ, မင်းရဲ့ကျောင်းသားတွေကို ဆုံးမထားပါဉီး.. သူတို့တွေက ကျောင်းစာမှာ ဘယ်လောက်တောင်ဆိုးရွား နေလဲဆိုတာကို ပြောစရာကိုမလိုလောက်အောင် ပြဿနာ ရှာဖို့ဆို ရှေ့ဆုံးကပဲ.. ရှက်စရာကောင်းလိုက်လေခြင်း! သူတို့က ဒီနေရာကို မူကြိုကျောင်းကစားကွင်းလို့များ ထင် နေကြသလား? သူတို့မှာ ဒီလောက်စွမ်းအင်တွေရှိနေရင် ဘာကြောင့် အိမ်စာသွားမလုပ်ကြလဲ..."

ရှီယန်က နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီးအတင်း ပြုံးပြလိုက်ရသည်။

"မစ်လော် မှန်ပါတယ်"

လုယောင် မျက်မှောင်ကြုတ်သွားသည်။

"ရှောင်ရှီ, ဘာကိုဆိုလိုတာလဲ? ဒီစုန်းအိုမကြီးက ဆရာမကို ဒီဝန်ထမ်းခန်းထဲမှာ ဘယ်လိုအနိုင်ကျင်ခဲ့သလဲ ဆိုတာ မေ့သွားခဲ့ပြီလား? ဒီနေ့, ကျွန်တော် ဆရာမကို ကူပြီး သူမကို သင်ခန်းစားပေးပစ်မယ်"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now