Chapter 22(Uni&Zawgyi)

1.1K 148 5
                                    

Unicode

အခန်း(၂၂) ကုမောင်၏ရက်စက်မှု

ထိုစကားကို ကြားသောအခါ မုန်ကျင်ယန် ချက်ချင်းပင် မျက်မှောင်ကြုတ်မိပြီး စိုးရိပ်တကြီး မေးရှာ၏။

"နင် ကြေးစားတစ်ယောက်လုပ်ပြီး တကယ်ကြီး ပိုက်ဆံရှာနေတာလား? ဒဏ်ရာတွေ ဘာတွေများ ရ,ထား သေးလား? ငါ စစ်ဆေးကြည့်ရမှ ဖြစ်မယ်... နင့်အဝတ် အစားတွေကို ချွတ်!"

ကုမောင် အဝတ်ချွတ်တဲ့နေရာမှာ ကူပေးဖို့ရာ သူမက မတ်တပ်ထရပ်သည်။

ကုမောင်က ချက်ချင်း သူမရဲ့လက်ကို တားဆီးလိုက်ကာ မုန်ကျင်ယန်၏ စိုးရိမ်ပူပန်နေသည့် အမူအရာကို ကြည့်ပြီး ပြုံးသည်။ သူမရဲ့ လှပသည့် မျက်ဝန်းအစုံက အနည်းငယ် ကျီစားလိုဟန် အရောင်လက်နေတော့သည်။

အသံတိုးတိုးလေးနှင့် သူမက ပြောသည်။

"ငါ ကွန်ပျူတာပိုင်း နည်းနည်း သင်ထားပြီး ဆော့ဝဲလ် သေးသေးလေးနဲ့ လူတွေကို ကူညီရင်း ပိုက်ဆံရှာတာပါ ဟာ"

မုန်ကျင်ယန်က စိတ်သက်သာရရသည့် သက်ပြင်း တစ်ချက်မထုတ်သေးခင် သူမ၏ ကြည်လင် တောက်ပ နေသည့် မျက်ဝန်းကို စိုက်ကြည့်နေသည်။ သူမ လိမ်ပြော မနေခဲ့ဘူးဆိုတာကို သေချာအောင် အရင် လေ့လာစီစစ်နေ တယ်နဲ့ တူပါရဲ့။

"လန့်သွားတာပဲဟယ်.. နင်ကလည်း"

ကုမောင်က သူမရဲ့လက်တစ်ဖက်နဲ့ မုန်ကျင်ယန်ရဲ့ ပခုံးကို ဖက်လိုက်ပြီး တရင်းတနှီးရှိလသည့် အပြုအမူမျိုးနှင့် သူမကို ထိုင်စေတယ်။

"စိတ်လျော့.. ငါက ကြေးစားတစ်ယောက် မဟုတ်ပါ ဘူးဟ.... ငါကပဲ လူတွေကို ရိုက်တာ"

မုန်ကျင်ယန်:"....."

သူမက ငယ်ရွယ်လွန်းလှသည့် ၅ နှစ်ဆိုတဲ့ အသက် အရွယ်လေးကတည်းက ကုမောင်ရဲ့ရက်စက်မှုကို မျက်မြင်တွေ့ ခဲ့ရဖူးသည်။

သူမလေးက မင်းကို ဒီတစ်စက္ကန့်မှာ ပြုံးပြနေပေမယ့် နောက်တစ်စက္ကန့်မှာပဲ အုတ်ခဲနဲ့ မင်းခေါင်းကို ရိုက်ခွဲပစ်

လိုက်နိုင်တယ်။

မည်သူကမှတော့ သူမကို မနာကျင်စေနိုင်ဘူး။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now