Chapter 15 (Uni & Zawgyi)

1.1K 165 4
                                    

Unicode

အခန်း(၁၅) အထင်ကရဉီးနှောက်ပါရဂူကြီး

သူမရဲ့အသံက လေထုထဲ ပြတ်တောင်းတောင်း ထိုး ဖောက်သွားခဲ့လေသည်။

လုရှီဝေးဟာ မျက်မှောင်ကြုတ်လို့သွားပြီး နောက်ကို လှည့်ကြည့်လာသည်။

ကုမောင်ရဲ့မျက်နှာကို မြင်လိုက်ရတော့ သူမရဲ့သူငယ် အိမ်များက ကျဉ်းမြောင်းသွားခဲ့ပြီး ရန်လိုမှု၊ မနာလိုမှု အလင်း ရောင်တစ်ချို့ သူမမျက်ဝန်းထဲ ဖြတ်သန်းသွားခဲ့၏။

အေးစက်စွာနှင့် သူမက မေးခွန်းထုတ်လာခဲ့၏။

"ငါတို့ကို ဝေဖန်ရအောင် မင်းက ဘာမို့လို့လဲ"

သူမက ကုမောင်ကို ခေါင်းဖျားမှ ခြေဖျားထိ မသိမသာ အကဲခတ်ကြည့်နေ၏။

သူမ ခွဲခြားလို့တောင်မရနိုင်တဲ့ အဝတ်အစား brands မျိုး ဝတ်ဆင်ထားတယ်။

ဘယ်နေရာက ထွက်ပေါ်လာတဲ့ဒီအရူးက သူမရဲ့ ဆေး ဘက်ဆိုင်ရာကျွမ်းကျင်မှုကို အပြစ်တင်ဝေဖန်ရဲရတာလဲ?

ကုမောင်က သူမရဲ့လက်နှစ်ဖက်စလုံးကို အိပ်ထောင်ထဲ ကို ထိုးထည့်လိုက်ပြီး သူမရဲ့အေးစက်စက်အကြည့်တွေက တော့ လုဘွားဘွားဆီမှာပဲ မြဲမြံနေခဲ့၏။

သုံးစက္ကန့်လောက် ကြာပြီးနောက် ခပ်ပေါ့ပေါ့လေသံနဲ့ သူမ ပြောလာတာက

"နှစ်ရက်"

ကုမောင်ရဲ့နှုတ်ခမ်းထက်မှ ဒီရိုးရိုးရှင်းရှင်း စကားလုံး လေးနှစ်လုံးထွက်လာခဲ့ပြီးနောက် ချက်ချင်းပဲ လုရှန့်ကျင်ရဲ့ စိတ်ထဲရှိ လေးလံမှုကြီး လျော့ကျသွားခဲ့တော့သည်။

ကုမောင်သည် သူမ(လုဘွားဘွား)ကို ကုသပေးနိုင်ပြီး ထို အတွက်ကိုလည်း ယုံကြည်မှုရှိဟန်ပဲ။

သူ(လုရှန့်ကျင်)က လုချန်ကျိုးဆီ ကြည့်လိုက်ပြီး

"ချန်ကျိုး, ကုမောင်က နှစ်ရက်လိုတယ်တဲ့"

လုချန်ကျိုးက ကုမောင်ထံ လှမ်းကြည့်သည်။

သူမ၏ ကြည်လင်အေးစက်နေသော မျက်ဝန်းတစ်စုံက စူးရှပြီး ဘာမထီတဲ့ယုံကြည်ချက်ရှိမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသထားသည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now