Chapter 69+70+71(Unicode)

481 61 2
                                    

အခန်း(၆၉)Just a Random Answer?

လုရှန့်ကျင်သည် သူ၏ဧည့်ဆိုဖာပေါ်တွင် ထိုင်နေ သောအမျိုးသားကို တစ်ချက်ကြည့်ပြီး စီးကရက်ကို ဖွာ ကာ ခပ်ဖွဖွရယ်သည်။

"ချန်ကျိုးနဲ့ တခြားသူတွေလည်း လာမယ်.. သူတို့က လုဘွားဘွားရဲ့အခြေအနေကို မေးချင်လို့တဲ့"

ကုမောင်က အရေးမစိုက်။

"အန်ကယ်ဖာသာ ကျောင်ရှန့်ယွမ်ကိုမေး သူ သဘော တူရင် ကိုယ်လည်း အိုကေတယ်"

"ကောင်းပါပြီ"

ဖုန်းချပြီးနောက် ကုမောင်သည် ချိုချဉ်တစ်လုံးကို အခွံခွာကာ ပါးစပ်ထဲထည့်ပြီး အိပ်စာလုပ်ရန်ပြင်သည်။ ဆရာမက လုပ်စရာစာရွက်တွေကို ပိုပိုပေးလာခဲ့တယ် လေ။ မုန့်ကျင်ယန်မှာ အချိန်အားမရှိလေရာ ကုမောင်မှာ ရွေးချယ်စရာမရှိဘဲ သူမရဲ့အဖြေတွေကို ကော်ပီကူးရ တော့သည်။

မုန့်ကျင်ယန် ကွက်လပ်ထားခဲ့သော မေးခွန်းတစ်ချို့ ရှိသည်။ ကုမောင်က ကွက်လပ်တွေထဲ သူမရဲ့ကိုယ်ပိုင် အဖြေတွေကို လိုက်ဖြည့်သည်။

လုယောင်သည်လည်း ကော်ပီပါပဲ။ ကုမောင် လုပ်နေ တာကို မြင်တော့ သူ့မှာ မျက်စလှုပ်လာသည်။

"မောင်ကျဲ, ဒီတိုင်း တွေ့ကရာအဖြေတွေကို ရေးနေ တာလား?"

ကုမောင်သည် ရေးနေရာမှ ရပ်သွားကာ မော့လာပြီး သူမ၏မျက်ခုံးတို့က အပေါ်တက်သွား၏။ သူမ၏မျက်ဝန်း လှလှတို့သည် ကြည်လင်ပြီးအမြင်အေးစေသည်။ အဖြူက အဖြူ၊ အနက်က အနက် လွန်စွာသန့်စင်လှ၏။ သီးသန့် ဖြစ်တည်ကာ လှပနေပြီး အန္တာရာယ်လည်း ရှိ၏။

နှုတ်ခမ်းထောင့်စွန်းတို့က ဒွိဟဖြစ်ဖွယ် အပြုံးတစ်ခု ကို ဖြစ်တည်စေသည်။ သူ့အနားသို့တိုးကပ်လာသော သူမ ပုံမှန် ညင်သာပြီးနှေးကွေးသော အပြုအမူနှင့် ပြောလာ သည်က

"ကော်ပီကူးချင်သေးလား?"

လုယောင်ရဲ့မျက်လုံးတို့က သူမ၏ အနက်ရောင် အကြည့်တို့နှင့် ဆုံသွား၏။ နှလုံးမှာ တဖျပ်ဖျပ်ခုန်လှုပ်နေ ကာ မျက်တောင်တို့က တသိမ့်သိမ့်တုန်ယင်ကာ ခေါင်းကို ငုံ့လို့ အပြင်းအထန် ရေးတော့သည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now