Unicode
အခန်း(၂၀)အရိပ်အဖွဲ့အစည်း၏အဓိကအဖွဲ့ဝင်, မြေခွေးဖြူ
ကုမောင် လုအိမ်တော်ဝန်းထဲမှ ထွက်လာခဲ့ပြီ။ ပြင်းထန်သော တုန်ခါမှုအသံတစ်ခုကို သူမလွယ်အိတ်အတွင်းထဲမှ ကြားရလိုက်၏။
သူမက အထူဆုံးအလေးဆုံးဖုန်းကို ထုတ်သည်။
ဗီဒီယိုကောလ်တစ်ခု...။
သူမ အသံကောလ်ကိုသာ ပြန်ပြောင်းပြီး ဖြေသည်။
"ငါပဲ"
သူမရဲ့အသံက အရမ်းကို နက်ရှိုင်းပြီး အောလွန်းနေခဲ့ တာကြောင့် ယောက်ျားသံလား မိန်းမသံလားဆိုတာကို ပြောဖို့တောင် ခက်ခဲသွားစေသည်။
"မင်းက ဗီဒီယိုကောလ်တိုင်းကို အမြဲငြင်းပယ်နေတော့ တာပဲ.. မင်းရဲ့ပုံပန်းသွင်ပြင်က လူသားတစ်ယောက်စိတ်ကူး နိုင်စွမ်းထက် ကျော်လွန်နေလို့လား?"
ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ အသံအနေအထားကမူ ပွစိပွစိ ညည်းညူတတ်လွန်းသည့် မိန်းမကြီးတစ်ယောက် အသံနဲ့ပင် တူနေသည်။
လက်ရှိဖုန်းခေါ်သည့် အမျိုးသားမှာ အမှန်တော့ ယွင်လင်း ပင်။ အရိပ်အဖွဲ့၏ သံတမန်ရေးရာ ကိုင်တွယ်ပြီး လုပ်နိုင်စွမ်းမြင့်မားသည့် အဖွဲ့ဝင်တစ်ယောက်ပေ။
သူက အမြဲလိုလို သူမဆီ မစ်ရှင်သတင်းအချက် အလက်တွေကို လူကိုယ်တိုင် လွှဲပြောင်းပေးတတ်သူ တစ်ယောက်။
သူက အထူးသဖြင့် သူတို့အဖွဲ့အစည်းရဲ့ လျှို့ဝှက် ဆန်းကြယ်သော ခေါင်းဆောင်ကို သိရ,မြင်ရဖို့ စိတ်အား ထက်သန်လွန်းသူတစ်ယောက်လည်း ဖြစ်ချေ၏။
သို့သော်လည်း ခေါ်လိုက်သည့်အခါတိုင်း သူရဲ့ဗီဒီယို ကောလ်တွေက အငြင်းခံရတာတွေချည်းပဲ။
ဆိုရိုးရှိတာက ဘုရားသခင်က တံခါးတစ်ချက်ကို ပိတ်ထားပေမယ့် မင်းအတွက် အချိန်တိုင်း ပြတင်းတံခါး တစ်ချပ် ဖွင့်ထားပေးလိမ့်မယ်တဲ့။
မဟုတ်မှလွဲ ဒီဘော့စ်က ကားတိုက်မှုမျိုးများ ကြုံခဲ့ရ တာလား။
ကုမောင်က ထူးမခြားနားလေသံနဲ့ ပြောသည်။
"ဖုန်းချလိုက်တော့မယ်"
YOU ARE READING
နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်
FantasyBoth Unicode & Zawgyi Credit to Original Author & English Translation ဝတ္ထုအမည်- နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်။ အဓိကဇာတ်ကောင်များ-လုချန်ကျိုး(ML), ကုမောင်(MC) English Rawမှ ဘာသာပြန်ဆိုခြင်းဖြစ်သည်။ Description လုသခင်လေး : "ငါ့ရဲ့ချစ်ဇနီးလေးက...