Chapter 16 ( Uni & Zawgyi )

1.1K 169 4
                                    

Unicode

အခန်း(၁၆) ဖန်ဆင်းရှင်ကုမောင်

လုရှီဝေးက သူမရဲ့အကြည့်တွေထဲမှာ အထင်သေးမှုတွေ နှင့်စိတ်ကြီးဝင်စွာ မေးကို မြှင့်,မော်ချီ၏။ သရော်စွာနဲ့ သူမက နှာမှုတ်ကာ

"မင်းက ဆေးပညာအကြောင်း နည်းနည်းလေး သိတယ် ဆိုတာနဲ့ ကြွားဝါမနေနဲ့ .... မင်းရဲ့မျက်လုံးတွေကို ဖွင့်ကြည့် လိုက်ဉီး.. ဒီမှာရောက်ရှိနေတဲ့သူတွေ အကုန်လုံးက နိုင်ငံ တကာဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းမှာ လုပ်ပိုင်ခွင့်ရှိသူ တွေချည်းပဲ.. မင်းဒီမှာ ရပ်နေခွင့်ရတာကိုက ကံကောင်းလွန်း နေပြီ"

စစ်ဘက်ဆိုင်ရာဒေါက်တာတစ်ဉီးက ပြော၏။

"ဟာသလုပ်နေတာ ရပ်လိုက်တော့ မိန်းကလေး... ငါတို့ အိမ်တော်သခင်မကြီးကို ခွဲစိတ်ခန်းအဆောက်အဉီးထဲ ခေါ် ဆောင်သွားကြရတော့မယ်"

လုရှီဝေးက နောက်ထပ်ကုမောင်ကို ကြည့်ပြီး သူမကိုယ် သူမ စိတ်အနှောက်အယှက် မဖြစ်လိုတော့ပေ။ လှောင် ပြောင်သရော်ရင်း သူမက ပြောလိုက်၏။

"မင်းကိုယ်မင်း သက်သေထူပြီး နာမည်ကျော်ကြားချင် တယ်ဆိုရင်တော့ မင်းမှာ ပိုပြီး လုပ်နိုင်စွမ်း လိုအပ်တယ်... ဘွားဘွားက မင်းရဲ့အစမ်းသပ်ခံ မဟုတ်ဘူး"

လုရှန့်ကျင်၏မျက်ခုံးတွေက သူ့နဲ့မျက်နှာချင်းဆိုင်မှာ ရှိ နေသည့်လူလေးယောက်ကို ဒေါသတကြီး စိုက်ကြည့်နေရင်း တဖြည်းဖြည်း တွန့်ချိုးလာသည်။ ဒေါသအဟုန်ကြောင့် သူ့ရဲ့ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်။

သူတို့က ကောင်းမွန်တဲ့ အဖြေတစ်ခုကိုတောင် ထုတ် မပြနိုင်ဘဲနဲ့ ကိစ္စတွေကို ပိုဆိုးအောင် လုပ်နေကြတယ်။

ဒီကမ္ဘာတစ်ခုလုံးမှာ ကုမောင်ထက် ပိုတော်တဲ့ဆေး ဘက်ဆိုင်ရာ ကျွမ်းကျင်သူဆိုတာ မရှိသေးဘူး။

အကယ်၍ သူတို့သာ ကုမောင်ကို ဒေါကန်ပြီး ထွက်သွား စေခဲ့ရင် ဒီလူတွေရဲ့ အကျိုးခံစားခွင့်ရာထူးတွေက ဒီနေ့ နောက်ဆုံးဖြစ်ရလိမ့်မယ်လို့ ငါ ကျိန်ဆိုဝံ့သည်။

သူက အစာအိမ်ထဲရှိ ဒေါသူပုန်ထကြွမီးလျှံကို ငြိမ်သက် စေဖို့ အသက်ပြင်းပြင်းရှူပြီး လုချန်ကျိုးထံ ကြည့်လိုက်၏။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now