Chapter 4 (Uni&Zawgyi)

1.6K 218 4
                                    

Unicode

အခန်း(၄) ထျန်းချွဲ့

ကုမောင်သည် လက်တော့ဖွင့်ပြီး ဂိမ်းထဲကို ဝင်လိုက်၏။

လုရှန့်ကျင်ကတော့ အကြင်နာမဲ့လွန်းလှသူ ကုမောင်ကို ကြည့်ရင်း ခေါင်းကိုက်လာသလိုပဲ။

သူက သက်ပြင်းချလိုက်ရင်း ပြောတယ်။

"ကောင်းပါပြီ..အဲဒါဆိုလည်း ရက်နည်းနည်းလောက် နားနားနေနေ နေလိုက်ပါ... ကားတစ်စီးလောက် ယူထား မလား.. အန်ကယ် သမီးကို သော့ပေးထားမယ်လေ"

မောက်စ်နှင့်ကီးဘုတ်ပေါ်မှာ ရှိနေသည့် ထိုမိန်းကလေး ၏သွယ်လျလှပတဲ့ လက်ချောင်းတွေရဲ့ အမြန်နှုန်းက ထူးချွန် ပြောင်မြောက်လွန်းကာ ယုတ္တိကိုတန်မနေဘူး။

ဖုန်းတစ်လုံးကို လက်မှာကိုင်ထားရင်း ကုစစ်လေးက ကြည့်ဖို့ အချိန်တစ်ချက်ယူလိုက်ပြီးမှ ပြောသည်။

"ကားမလိုပါဘူး... ဘိုင့် ဘိုင် အန်ကယ်လု"

လုရှန့်ကျင်:"?"

ဒီမောင်နှမနှစ်ယောက်က တကယ့်ကို တထေရာတည်း ပဲ။

အခန်းတံခါးဝဆီ လျှောက်သွားရင်းဖြင့် လုရှန့်ကျင် သူ့ဘဝသူ သံသယရှိလာရှာသည်။

သူက မင်မြို့တော်ရဲ့ထိပ်သီးခေါင်းဆောင် တစ်ယောက် လေ..။ ဒါတောင် မထီမဲ့မြင် ပြုခံရသေးသတဲ့။

ကံဆိုးလိုက်တဲ့နေ့ပဲ...။

*** *** ***

ကုမောင်တစ်ယောက် ရေချိုးခန်းထဲကနေ ခေါင်းကို ငိုက်စိုက်ချကာ သူမရဲ့ရေစိုဆံပင်တွေကို သုတ်ရင်း ထွက်လာ သည်။

ကုစစ်က တစ်ယောက်ယောက်နဲ့ chat*နေတာကို သူမ ကြားလိုက်တော့ မျက်လုံးတစ်ချက်ပင့်လိုက်မိပြီး လှန်ကြည့် လိုက်သည်။

ထိုကောင်လေးက သူမရဲ့လက်တော့ရှေ့ ထိုင်နေတာပဲ။

သူမလက်တော့ရဲ့ passwordကို ဒီကောင်လေး ဘယ်လို

ဖော်လိုက်သလဲ မသိဘူး။

ဟွန်း ...တိုးတက်လာတာပဲ။

Screen ပေါ်မှာတော့ အရမ်းကို ကလူမြူစွယ်တတ်တဲ့ ပက်ကျိမျက်နှာတစ်ခု။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now