Chapter 11(Uni&Zawgyi)

1.2K 174 4
                                    

Unicode

အခန်း(၁၁)သူ့အစ်မက စိတ်တအားဆတ်တယ်

သူတို့စားပွဲမှာ ထိုင်နေသည့်သူတွေကို ကြည့်ပြီး ကုစစ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူရဲ့ကြီးကောင်မဝင်သေးသော ကလေးသံလေးနဲ့ အေးတိအေးစက် ပြောသည်။

"မမက မသိဘူးလို့ ပြောနေတယ်လေ.... ကျွန်တော်တို့ စားနေတာကို မနှောက်ယှက်လို့မရဘူးလား"

စိတ်ရှုပ်စရာကောင်းလိုက်တာ..

မမရဲ့အလှပေါ် ကြွေကျသွားတာပဲနေမှာ...

ပုံတုံးလိုက်တဲ့လိုက်နည်းကြီး....

ကုမောင်က ထိုင်နေတဲ့ပုံကို ပြောင်းလိုက်ကာ ထိုင်ခုံပေါ် စောင်းပြီး မှီလိုက်၏။

လက်ကိုဆန့်၍ စားပွဲပေါ်ကဓားကို လှမ်းယူသည်။ သူမ ရဲ့လှပသွယ်လျတဲ့ လက်ကလေးထဲမှာ စားပွဲတင်ဓားက ရောက်ရှိနေခဲ့ပြီး ညင်သာစွာ အထက်အောက် လှည့်နေဟန် ပြုနေ၏။

ဓားရဲ့အစွန်းတွေက တောက်ပနေသလို ခပ်မိုက်မိုက်ပုံစံ မျိုးလည်း ရှိနေသည်။

သူမမျက်နှာပေါ်က စိတ်မရှည်မှုတွေက တရိပ်ရိပ်တက် လာတော့သည်။

ထိုဓားက သူ့အစ်မရဲ့လက်ကောက်ဝတ်ကို ဖြတ်မိသွား မှာကို ကုစစ်က စိုးရိမ်နေသည်။ ဒီနှစ်တွေထဲမှာ မမက သူ့ စိတ်ကို အတော်လေး ထိန်းထားခဲ့၏။

လုချန်ကျိုးက ထိုမိန်းကလေးရဲ့ရူးသွပ်မှုကို ကြည့်ပြီး သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တော့၏။

သူမက ထျန်းချွဲ့ကို သွားနိုင်သလို ဒီလိုrestaurantမျိုးမှာ တောင် စားနိုင်သေးတာပဲ။ ဒါပေမယ့် ပစ္စည်းရှင်းထုတ်ဖို့ လျော့ဈေးနဲ့ရောင်းတဲ့ဆိုင်မျိုးမှာ အဝတ်အစား ဝယ်တယ်တဲ့ လား။

သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွားမိ၏။ သူ့ရဲ့နှစ်လိုဖွယ် ကောင်းသော ညို့ဓာတ်ပါသောလေသံနှင့်စကားဆိုရင်း သူ့ မျက်ဝန်းထဲမှာတော့ မည်သူမှ မခန့်မှန်းနိုင်တဲ့ တစ်စုံတစ်ရာ ရှိနေခဲ့သည်။

"ဒီကလေးနှစ်ယောက်က ခုထိ ကြီးထွားဖွံဖြိုးဆဲအရွယ် မှာပဲ ရှိသေးတယ် သူတို့စားနေတာကို မနှောက်ယှက်နဲ့ တော့ .... ယူထားတဲ့အခန်းထဲကိုပဲ သွားကြစို့"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now