Chapter 46 to 50(Uni)

1K 131 6
                                    

အခန်း(၄၆) အဖြေလွှာစာရွက်ဗြောင်

လော်စုန့်ဟွာအပြင် သူမနဲ့အပေါင်းအပါဆိုပြီး သတင်း ထွက်တဲ့ နောက်ထပ်ဆရာမတစ်ဉီး။

လော်စုန့်ဟွာက တခန်းလုံးရှိကျောင်းသားတွေကို ဝေ့ ကြည့်ပြီး ရယ်ပြုံးပြုံး၏။

"ငါက မင်းတို့ကို အခန်းစောင့်မယ်ဆိုတာက စပရိုက် ကြီး တစ်ခုဖြစ်သွားပုံပဲ"

ကျောင်းသားတိုင်းက လော်စုန့်ဟွာကို မမြင်ဟန်ပြုနေ သည်အလား တစ်ခွန်းမှမပြောကြချေ။

လော်စုန့်ဟွာသည် စားပွဲပေါ်ကို စာမေးပွဲစာရွက်တွေ ပစ်တင်ပြီး အေးစက်စွာပြောသည်။

"မင်းတို့ အားလုံးသေချာနားထောင်! ဒီနေ့ခိုးချဖို့ အကြံ အစည်ရှိနေရင် မင်းတို့ရဲ့ကျောင်းမှတ်တမ်းမှာ မင်းတို့ အခုရှိနေတာထက် ငါက ပိုအရောင်စုံအောင် လုပ်ပေးမယ် ဆိုတာ ယုံထားလိုက်"

ကုမောင်သည် သူမရဲ့လက်ခုပ်ထဲမှာ မေးကို ထောက် တင်ထားရင်း ကျန်လက်တစ်ဖက်ရဲ့ လက်ချောင်းတွေက တော့ ဘောပင်ကို လှည့်လို့နေသည်။

သူမ လော်စုန့်ဟွာကိုစိုက်ကြည့်နေစဉ် သူမရဲ့ ဖီးနစ် မျက်ဝန်းတစ်စုံက အနည်းငယ်ဉာဏ်များပြီး အရိုင်းဆန်နေ ၏။

စာမေးပွဲစဖို့ အချက်ပြခေါင်းလောင်းသံမြည်ပြီးနောက် လော်စုန့်ဟွာနဲ့ အခြားဆရာမတို့က စာရွက်တွေကို လိုက်ဝေ ကြသည်။

ပထမဆုံးစာမေးပွဲက တရုတ်စာဘာသာပင်။

မုန့်ကျင်ယန်က စာရွက်ရသည်နှင့် မေးခွန်းဖတ်လိုက် သည့်အခါ ဂန္တဝင်စာပေပိုင်းက မေးခွန်းတွေကို သတိပြုမိပြီး တောင့်သွား၏။

ဒါသည် လွန်ခဲ့တဲ့နှစ်ရက်က ကုမောင် သူမကို လုပ်ခိုင်း တဲ့စာရွက်ထဲမှာ ပါတဲ့မေးခွန်းတွေမလား?

အတူတူပဲဆိုပေမယ့် အဖြေမှန်ရွေးတွေကိုတော့ နေရာ ပြောင်းထားတယ်။ ဘုရားတရားမလို့ အဖြေမှန်ရွေးမေးခွန်း ကတော့ တန်းခွဲ(၂၀)အတွက် ကောင်းကျိုးမင်္ဂလာပဲဖြစ် သည်။

အဖြေမှန်ရွေးမေးခွန်းတွေကို မျက်စိဖြင့် ကြည့်လိုက်ပြီး နောက် ဒီစာရွက်ထဲက မေးခွန်းတစ်ဝက်လောက်ကို သူမ ဖြေဖူးပြီးသားဆိုတာကို မုန့်ကျင်ယန်သိသွားခဲ့သည်။ သို့ သော် စကားပြေနှင့် ကဗျာလင်္ကာပိုင်းတွင်တော့ မတူတော့ ချေ။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now