Chapter 62 (U&Z)

580 94 1
                                    

Unicode

အခန်း(၆၂) ဆရာသခင်ကြီးရဲ့ ဟန်မူရာ

"နားလည်တယ်ဆိုရင် ကျွန်တော် မမလေးကို ချက်ချင်း လွှတ်ပေးပါမယ်ခင်ဗျ"

လုရီးက တလေးတစားပဲ ပြောပါသည်။

လုရှီဝေးသည် မော့ကြည့်ပြီး မျက်နှာကြောတင်းတင်း ဖြင့်ရယ်သည်။

"ကျွန်မ နားမလည်ဘဲ နေဝံ့ပါ့မလားရှင်?"

လုရီးက ပြုံးရုံသာ ပြုံးသည်။

"မစ်ရှီဝေး နားလည်တယ်ဆိုရင် အားလုံးအဆင်ပြေပါ ပြီဗျ.. သူမကို လွှတ်ပေးလိုက်ကြ"

"ဟုတ်"

ကိုယ်ရံတော်တွေက ချက်ချင်း သူမကို ချည်နှောင် ထားသည့်ကြိုးတွေကို ဖြည်ပေးဖို့လုပ်ကြသည်။

လုရှီဝေး၏အမူအရာသည် ကြိုးတွေကို ဆွဲချွတ်ပစ် နေစဉ် ရေခဲတမျှအေးစက်လို့နေခဲ့၏။ ကြိုးတွေကို ကြမ်း ပြင်ပေါ်ပစ်ချပြီး မြေအောက်ခန်းထဲမှ ခြေလှမ်းကျဲကျဲ တို့ဖြင့်ထွက်သွားတော့သည်။

*** *** ***

လုချန်ကျိုးရဲ့ ခြံဝန်းထဲ...

အခန်းသုံးခန်းနဲ့ ဖွဲ့စည်းထားသောဗီလာတစ်ခုပါပဲ။ စာကြည့်ခန်းတစ်ခန်း, အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ် ခန်းသာ ရှိသည်။ အလွန့်အလွန် ကြီးမားသောခြံဝန်းကြီး ပင်။

လုချန်ကျိုးသည် အိပ်ခန်းတံခါးကို တွန်းဖွင့်ပေးသည်။ အိပ်ခန်းတစ်ခုလုံးကို အနက်နဲ့အဖြူ နှစ်ရောင်တည်းဖြင့် သာ ရှင်းလင်းစွာ အလှဆင်ထားသည်။ အလွန်အကျွံ ရိုးရှင်းခြိုးခြံသောစတိုင်သည် လုချန်ကျိုး၏ပုံရိပ်နှင့် ကိုက် ညီနေတော့သည်။

"အိပ်ယာပေါ်မှာ အိပ်စက်အနားယူပါ"

လုချန်ကျိုးသည် အနက်ရောင်အိပ်ယာထံ မေးငေါ့ပြ သည်။

ကုမောင် နှုတ်ခမ်းတို့ကိုဆူထား၏။ သူမရဲ့ကြည်လင် တောက်ပသောအကြည့်တို့က လည်သာအစစ်ဖြင့် လုပ် ထားသောဆိုဖာပေါ်မှာ မြဲနေခဲ့ပြီး သူမက အသံတိုးတိုး ဖြင့်ပြောသည်။

"ဆိုဖာပေါ်မှာ အိပ်လိုက်မယ်.. သခင်မကြီးနိုးလာရင် သာ ကိုယ်သူမကို ထပ်စစ်ဆေးကြည့်ဖို့ရာအတွက် ကိုယ့် ကိုပြောပါ.. "

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now