Chapter 13 (Uni&Zawgyi)

1.1K 158 2
                                    

Unicode

အခန်း(၁၃) သူမ အာရုံစိုက်ဖို့ တန်တဲ့အရာမရှိ

လုရှန့်ကျင် က သူ့ကို နှုတ်ဆက်လိုက်သည်။

"ချန်ကျိုး"

ပြောနေရင်းနဲ့ပင် သူက တံခါးကို ဆွဲဖွင့်၏။

ကုမောင်က ခေါင်းကို ငုံ့လိုက်ပြီး ကားထဲ ဝင်ထိုင် လိုက်သည်။

လုရှန့်ကျင်က အခြားတစ်ဖက်မှ ဝင်ထိုင်လိုက်ပြီး ကား တံခါးကို ပိတ်ရင်း မေးမြန်း၏။

"ဘွားဘွား အခြေအနေ ဘယ်လိုလဲ"

လုရီးခမျာ သူ့ရဲ့ ဆဠမမြောက် သခင်ကြီး လုရှန့်ကျင်က လူကိုယ်တိုင် ကုမောင်အတွက် တံခါးဖွင့်ပေးခြင်းကို မြင် လိုက်ရခြင်း၏ အလွန်အံဩသွားမှုမှ သတိပြန်ဝင်လာပြီး စက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး ကားစက်နှိုးပြီးမောင်း ၏။

လုချန်ကျိုးက

"စစ်ဘက်ဆိုင်ရာဒေါက်တာတွေက သူမကို ကြည့်ပေး နေတယ်... သိပ်တော့ကောင်းဟန်မတူဘူး"

သူသည် စကားပြောနေသော်ငြား မျက်လုံးတွေကတော့ ကုမောင်ပေါ်မှာပဲ တည်မြဲနေခဲ့၏။

သူမလေးကတော့ ဖုန်းနဲ့ကစားနေရင်း နောက်ခုံမှာ ခြေ ပစ်လက်ပစ်ထိုင်နေသည်။ သူမရဲ့အသွင်အပြင်က သက် တောင့်သက်သာအရှိဆုံးဖြစ်သော မည်သည့်ပုံစံနဲ့မဆို ထိုင် နေကြလိုမျိုး ဖြစ်ကတတ်ဆန်းနိုင်လွန်းလှသည်။

သို့သော် သူမဆီမှ အေးစက်စက်အငွေ့အသက်တွေက အခြေအမြစ်မရှိ ရောက်တတ်ရာရာပြောဖို့ လုပ်နေတဲ့သူ တွေကို ရပ်တန့်သွားစေနိုင်၏။

သူမက သူ့ရဲ့ဆဠမမြောက်ဉီးလေးပြောတဲ့ ဒေါက်တာ ဆိုတာလား?

အမေအိုကြီးက ကျန်းမာရေးအခြေအနေ ဆိုးရွားနေ တယ်ဆိုတာကြားလိုက်ရတော့ အမြဲလိုလို အေးဆေး တည် ငြိမ်ခဲ့တဲ့သူ , လုရှန့်ကျင် သောကဗျာပါဒ စိုးရိမ်မှု ကြီးစိုးခံ လိုက်ရတော့၏။

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အမေ့ရဲ့အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ ဉီးလေး သိလိုက်ရတယ် ဘယ်လိုဖြစ်လို့ ရုတ်တရက် အဆိုးဘက်ကို ပြောင်းသွားရ တာလဲ"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now