Chapter 74+75(Uni)

416 57 5
                                    

အခန်း(၇၄)သံသယ

"ကုမောင်" သူက အော်ခေါ်လိုက်သည်။

ကုမောင်သည် ဦးထုပ်လျှာကို လက်လေးတစ်ချောင်း ဖြင့်ပင့်တင်ကာ သူမ၏ကောင်းမွန်လှပသော မျက်ခုံးတို့ ကို ပေါ်လာစေခဲ့သည်။ ကော့တက်နေသော မျက်ဝန်း ထောင့်စွန်းတို့က အလွန်အရိုင်းဆန်နေခဲ့ပြီး တစ်မျိုး တစ်မည် နှစ်လိုဖွယ်အလွန်ကောင်း၏။ သူမ၏အသံဟာ ရှင်းလင်းပီသပြီး ပေါ့ပါးညင်သာနေ၏။

"အန်ကယ်လု"

မုန်ကျင်ယန်သည်လည်း သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။

"အန်ကယ်လု"

လုရှန့်ကျင်က ခင်မင်ဖော်ရွေစွာပြုံးပြပြီး လုချန်ကျိုး နှင့်ကျောင်ရှန့်ယွမ်ကို နှုတ်ဆက်စကားဆိုသည်။

Punkဂျက်ကတ်အနက် တစ်ထည်ကို ဝတ်ဆင်ထား သောလုချန်ကျိုးသည် အိပ်ထောင်တစ်ဖက်ထဲ လက်ကို လျှိုသွင်းထားလျက်နှင့် မနီးမဝေးရှိ လေဖောင်းအခုံးထံ မျက်စိတစ်ဖက် မှေး၍ကြည့်နေသည်။

"မိဘတွေနဲ့ကျောင်းသားတွေက အဲ့နေရာကို ဖြတ်ပြီး အတူတူကော်ဇော်နီပေါ်မှာ လျှောက်ရမယ်ပေါ့... နောက် ပြီး စတိတ်ပေါ်မှာ လက်မှတ်ထိုးရမယ်?"

လုယောင်က ခေါင်းညိတ်၏။ နှုတ်ခမ်းတို့ကို မဲ့ပြပြီး ဟွန်းခနဲအသံပြုသည်။

"ဒီစုံညီစည်းဝေးကို ဘယ်သူစီစဉ်ခဲ့တာလဲ မသိဘူး? အိုဗာတွေ လုပ်နေကြတာပဲ"

ကျောင်ရှန်ယွမ်သည် မျက်ခုံးပင့်ပြီး စိတ်ဝင်တစား စကားဆိုသည်။

"ဒီအစီအစဉ်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ငါတော့ထင်တယ်.. အဲ့ဒါက မင်းတို့ ကောင်တွေအတွက် အရွယ်ရောက်ခြင်း အခမ်းအနား တစ်ခုနဲ့တူတယ်"

ကုမောင်ကတော့ အမှုမထားသည့်နှယ် ခပ်တည် တည်ဖြင့်ရပ်နေကာ တိတ်ဆိတ်စွာ ဖုန်းထဲကဂိမ်းကိုသာ ကစားနေလေရဲ့။

ရုတ်တရက် လုရှန့်ကျင်သည် ကုမောင်၏လက်ဖမိုးခုံး ပေါ်က လက်မဝက်ခန့် အရွယ်အစားရှိတဲ့ ဒဏ်ရာတစ်ခု ကို မြင်သွားပြီး တုန်လှုပ်လန့်ဖြန့်သွား၏။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now